စကားတွေပြောရင်းလည်း ဘတ်ဟျွန်းလက်ချောင်းတွေကို လာနမ်းနေ၏။ ဘတ်ဟျွန်း သူ့ပါးချိုင့်နက်ထဲ လက်ညှိုးနဲ့ဖွဖွထိုးပစ်မိရသည်အထိ အူယားသွားရသည်။
"ကိုကြီးနဲ့ပေးမတွေ့ခင် ရှင်းရမယ့်ကိစ္စရှိသေးတယ်"
"ဘာကိစ္စလဲ"
"ရှင်းပြီးရင် ပြောပြမယ်"
ဟမ်ဘာဂါကိုလက်စသပ်ပြီး သူ့ပါးချိုင့်နက်ထဲ ဘတ်ဟျွန်း ဖိနမ်းပစ်လိုက်တော့ ရယ်သံတွေဩရှသွားခဲ့လျက်။
******************
ဒီအိမ်ရှေ့မှာ ခြေစုံရပ်မိခြင်းက ဒါပါနဲ့ဆို နှစ်ကြိမ်မြောက်။ အရင်တစ်ကြိမ်မှာ စိတ်တွေလေးလံနေခဲ့သလောက် ဒီတစ်ကြိမ်တော့ ပေါ့ပါးနေကြသည်။ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးပေမယ့် ဘတ်ဟျွန်းကို အိမ်သားအဖြစ်အသိအမှတ်ပြုချင်ကြသူတွေထံ ဘတ်ဟျွန်း လေးလေးစားစားနဲ့ မျက်နှာချင်းဆိုင်လို့ အမုန်းမပွား အခင်မင်မပျက်ဘဲ ပြောရရှင်းရမှာတွေရှိနေ၏။
အာပါးတို့ အိုမားတို့သိရင် ကန့်ကွက်မှာသိနေလို့ ဘတ်ဟျွန်းတစ်ယောက်ထဲ ထွက်လာခဲ့ခြင်းပင်။ အထူးသဖြင့် ချစ်ရသူကိုတောင် မပြောပြဖြစ်ခဲ့သေး။ ဒီကနေပြန်ရင်တော့ ဘတ်ဟျွန်းနဲ့ ဒိတ်လုပ်ထားတာမို့ အကြောင်းအရာအစုံအလင်ကိုပြောပြရပေမည်။
"အို....သားရယ် မကြာခဏလာလည်ပါဆို။ အန်တီတို့မှ မျှော်နေရတာ"
"ဟုတ် ကျွန်တော် အလုပ်လေးတွေလည်း ရှုပ်နေလို့ပါ အန်တီ"
"သားကိုကိုကတော့ တစ်နေ့တစ်နေ့ သားနဲ့သွားတွေ့ရမယ်ဆိုပြီး ရုံးချိန်တွေပါ လစ်တာ သားရေ။ အန်တီတို့လည်း လွှတ်ထားရတယ်။ သားမှသား သူ့ဦးစားပေး"
ပတ်ချန်းယောလ်အမေစကားကို ဘတ်ဟျွန်း နားမလည်လိုက်ပါ။ ဒါပေမယ့်လည်း ဘာမှပြန်မမေးဖြစ်တော့ဘဲ ခေါင်းသာညိတ်လိုက်ရ၏။ ပထမတစ်ကြိမ်တွေ့တုန်းကထက်တောင် ရင်းနှီးဖော်ရွေပုံရနေတဲ့လူကြီးကို မကြာခင်မှာပဲ ဗြောင်ဘတ်ဟျွန်းနဲ့ သူ့သားပတ်ချန်းယောလ်တို့ မင်္ဂလာကိစ္စက ဖြစ်မလာနိုင်ဘူးဆိုတာ ဘတ်ဟျွန်းငြင်းရတော့မှာလေ။
Ending Part(Z)
Start from the beginning
