ဘတ်ဟျွန်းတွန်းထုတ်တော့ ခွာမသွားဘဲ လက်ဖျားတွေကနေ လှမ်းဆွဲ၏။
"အိမ်တန်းပြန်မှာမလား ကလေးလေး"
"ဆိုင်ကို ခဏဝင်ဦးမယ်။ မနက်ဖြန် sketch အချောသပ်စရာတွေရှိတာ။ အစောကြီး ထမယူချင်လို့"
"ကိုယ် သွားယူပေးထားမယ်လေ။ ကလေး မနိုးခင်"
"နေပါဗျာ။ ဘာမှမဆိုင်ဘဲနဲ့ ဘာလို့ယူပေးမှာလဲ"
ဘတ်ဟျွန်း အငေါ်တူးလိုက်ပေမယ့် ရယ်သံသဲ့သဲ့သာထွက်လာသည်။ ကားပေါ်ရောက်ပါပြီဆိုတည်းက ခါးပတ်ပတ်ပေးလာပြီး ဘတ်ဟျွန်းမျက်နှာကို လက်ဖဝါးနှစ်ဖက်ထဲထည့်ကြည့်လာ၏။
"ကလေးလေး"
"ဗျာ..."
"အမူးကလေး..."
"ကိုကြီးနော်"
သူ့လက်ကြီးကိုဆွဲယူပြီး မနာအောင်ကိုက်ပစ်လိုက်မိသည်။ ရယ်သံတွေက ကားထဲမှာအလျှံအပယ်။ ခေါင်းမော့ရယ်ပစ်လိုက်တဲ့မျက်နှာမှာ ပါးချိုင့်နက်နက်က ထင်းကနဲ။ အပြုံးတွေကိုကြည့်နေရင်း စိတ်ဆိုးချင်တာတွေလည်း မေ့သွားရသည်။
ဒီနေ့ သူဝတ်လာတဲ့အနောက်တိုင်း suit က ဘတ်ဟျွန်းနဲ့သွားတိုင်း သူတစ်ကြိမ်တစ်ခါမှ ဝတ်လေ့မရှိခဲ့ဘဲ။ ရှပ်အင်္ကျီဖြူဖြူအောက်မှာ ကျယ်ပြန့်နေတဲ့ရင်ဘတ်ကြီးက အပေါ်ကအနက်ရောင်ကုတ်ထပ်ဝတ်ထားလို့သာ တော်တော့သည်။ မဟုတ်ရင် အဲ့လိုကြည့်ကောင်းနေတာကြီးကို ငေးကြတော့မှာလေ။ ဘယ်သူ့ရှေ့ကြည့်ကောင်းချင်လို့ ဒီလိုတွေဝတ်စားလာမှန်းလည်းမသိ။ ပြေချင်တဲ့စိတ်လေးက တင်းတင်းရစ်ပတ်ခံလိုက်ရသလို ဖြစ်သွားပြန်သည်။
"ကားပေါ်ပဲ စောင့်နေတော့နော်"
"ကိုယ်လိုက်ခဲ့မှာပေါ့"
"နေပါ။ ခဏလေးပဲ"
ပြောဆိုလို့လည်းမရပါ။ စတူဒီယိုရှေ့ကားရပ်ပြီးတာနဲ့ ဘတ်ဟျွန်းနောက်ကနေ လိုက်ဆင်းလာသည်။ လိုက်လာတော့လည်းကောင်းတာပါပဲ။ ဘတ်ဟျွန်း မမူးဘူးသာပြောနေတာ။ သောက်နေကျအကျင့်မရှိတော့ လူက ထွေတော့ထွေနေသည်။ လျှောက်နေကျ လမ်းတွေပင် ဖြောင့်မတ်မနေကြသလို။ လျှောက်လမ်းကိုကျော်ပြီး ဘတ်ဟျွန်းအခန်းထဲဝင်။ sketch book ကိုယူအပြီး ပြန်လှည့်အထွက်မှာ ဘတ်ဟျွန်းခြေလှမ်းတွေမှားပြီး ပြိုလဲ၏။
Ending Part
Comenzar desde el principio
