"အံမယ် Hyung မှာ ကိုကြီး ဘယ်နှယောက်ရှိလို့ မုန်လာဥလုပ်ချင်တာလဲဗျ။ ဘယ်သူရှိရမလဲ Park Loey ပေါ့"
"သိဘူး မုန့်နဲ့လဲစားလိုက်ပြီ ကိုကြီးကို"
"ကလေးတွေများ ရက်စက်လိုက်တာဗျာ"
"ကိုကြီး!"
ဘတ်ဟျွန်း မတ်တပ်ရပ်နေရာကနေ အပြေးလေးသွားလိုက်မိ၏။ ရယ်သံတွေက ဝေါခနဲပေမယ့် ဘတ်ဟျွန်းမရှက်နိုင်ပါ။ ပြောတော့ နောက်ကျမယ်ဆိုပြီး ရောက်လာသူရဲ့လက်မောင်းကိုပါ ဘတ်ဟျွန်း ခိုတွဲလိုက်မိ၏။
"မူးနေပြီလား"
"ဟင့်အင်း"
"မူးနေပါပြီ။ ဘာလို့ အများကြီးသောက်ထားတာလဲ"
"ကိုကြီး လာကြိုမယ်ဆိုလို့"
"အတွဲတွေ အိမ်ပြန်ပါတော့ဗျိုး"
"ကဒ်တော့ ထားခဲ့ပေးနော်ဗျိုး"
ဘတ်ဟျွန်းရော သူပါပြိုင်တူရယ်မိ၏။
"နေချင်သေးလား"
ဘတ်ဟျွန်း မသိမသာခေါင်းခါပြရင်း သူ့အပေါ်မှီတွယ်လိုက်မိသည်။ သူ့လက်တစ်ဖက်က ဘတ်ဟျွန်းပခုံးကိုဖေးမပေးထားရင်း ဝန်ထမ်းတွေဘက်ကိုလည်း ကဒ်ထုတ်ပေးသူ။ ဩဘာသံတွေစီစီညံကုန်၏။
"ကျွန်တော့်ဝန်ထမ်းတွေကို ပိုင်စိုးပိုင်နင်းနဲ့"
"ကလေးဝန်ထမ်းတွေက ကိုယ့်ဝန်ထမ်းတွေပဲပေါ့"
"ခင်ဗျားနဲ့ ကျွန်တော်က ဘာဆိုင်လို့"
ဟုတ်တယ်။ ဘတ်ဟျွန်း အခုမှ ဝင်ထားတဲ့ဘီယာတွေကြောင့်ရောလားမသိ။ စကားအကောင်းမပြောချင်တော့ပါ။ ကားပါကင်ရှိရာဆီသွားနေရင်း ဘတ်ဟျွန်းပုခုံးကိုလာဖက်ထားတဲ့သူ့ကိုယ်ကြီးကို တွန်းပစ်လိုက်မိ၏။
အရမ်းလည်း မတွန်းရက်။ တော်ကြာ အဖိုးကြီးလဲလို့ ကျိုးကြေကုန်မှဖြင့် ဘတ်ဟျွန်းပဲ ကိုယ်ကျိုးနည်းရဦးမည်။ အခုဆို ဘတ်ဟျွန်းတို့နီးစပ်လာတာ နှစ်တစ်ဝက်စာ။ ဘတ်ဟျွန်းဟာ သူ့အရာရာဖြစ်နေပြီး သည်းသည်းလှုပ်ဖြစ်ပြနေပေမယ့် ခံစားချက်နဲ့ဆိုင်တဲ့ဘယ်လိုစကားမျိုးကိုမှ ဖွင့်ပြောမလာသေးပါ။
Ending Part
Start from the beginning
