"ဘယ်လူဆိုးက မိဘတွေကိုပါလိုက်တွေ့ ခွင့်တောင်းတတ်လို့လဲ။ ကျွန်တော် သေချာသိတယ်။ တချို့အရာတွေက သက်သေပြစရာမလိုဘူး စိတ်နဲ့ခံစားနိုင်တယ်။ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကတော့ နေ့တိုင်း နေ့တိုင်း ဖြည်းဖြည်းစီပြောပြပေးသွားလို့ရတာပဲလေ ကိုကြီးရ"
ဘတ်ဟျွန်းပါးပြင်ကို ရည်ရွယ်ချက်ရှိရှိဖြင့် လက်ဖျားတွေနဲ့ ထိခတ်သွားမှုက ဒီအကြိမ်ဦးဆုံးပင်။ နွေးသွားတဲ့မျက်နှာကို ကွယ်ဝှက်လိုစွာနဲ့ ကားမှန်ဘက်ကို ဘတ်ဟျွန်းလှည့်လိုက်မိ၏။ တကယ်လည်း ထူးဆန်းစွာနဲ့ သိတာ ၂၄နာရီတောင်မပြည့်သေးသူအပေါ် ဘတ်ဟျွန်း ခင်တွယ်နေမိ၏။ ဘာတွေကို ယုံကြည်နေသလဲလို့မေးရင် တကယ်လည်း နှလုံးသားနဲ့ခံစားရတဲ့စိတ်အသိနဲ့ သူ့ကို ဘတ်ဟျွန်း အကြွင်းမဲ့ယုံကြည်နေတာ။
"အဲ့လိုခံစားမှုမျိုး ကိုယ့်တစ်ယောက်ထဲအတွက်ပဲ ဖြစ်ပေးနိုင်မလား"
ဘတ်ဟျွန်း အံ့ဩစွာ သူ့ဘက်လှည့်ကြည့်လိုက်မိသည်။ ကားမောင်းနေရင်းမို့ တဒင်္ဂရဲ့စက္ကန့်ပိုင်းလောက်သာ လှည့်ကြည့်လာတဲ့သူ့မျက်နှာမှာ နူးညံ့စွာတောင်းဆိုခြင်းတွေ။ အဲ့ဒီမျက်နှာမှာ ဘတ်ဟျွန်းအတွက်ရှိနေတတ်တဲ့ နွေးထွေးမှု၊ ကြင်နာမှုတွေကို ဘတ်ဟျွန်း ဒီထက်ပိုမြင်တွေ့ချင်သေးတာ။ ဒီလိုမြင်ရ တွေ့ရဖို့ဆိုတာလည်း သူ့တောင်းဆိုမှုကို ဘတ်ဟျွန်းဖြည့်စည်းပေးချင်စိတ်မှ...။
***************
6 Months Later
"ပျော်ကြနော်။ စားချင်တာတွေရှိရင် ထပ်မှာ"
"ရေး....ကျွန်တော်တို့ Byun Hyun Studio နှစ်တစ်ရာတိုင် အောင်မြင်မှုအဓွန့်ရှည်ရေးအတွက်..."
"BYUN HYUN အတွက်"
ဘီယာခွက်တွေကိုကိုင်မြှောက်တိုက်ပစ်လိုက်ရင်း ပျော်ရွှင်မှုတွေက စိတ်လွတ်ကိုယ်လွတ်။ ဝန်ထမ်းတွေအတွက် ပါတီပေမယ့် ဘတ်ဟျွန်း ကိုယ်တိုင်လည်း ဘီယာတွေဝင်ထားတာ မနည်းပါ။
"Hyung ရဲ့ ကိုကြီးရော လာမယ်ဆို"
"အမ် မသိဘူးလေ။ ဘယ်က ကိုကြီးလဲ"
Ending Part
Comenzar desde el principio
