လက်ဖဝါးပြင်ကျယ်ကြီးကနေ ဆွဲယူလိုက်တော့ ငြိမ်ကျသွား၏။ အဲ့ကိုကြီးက လူကသာ ၃၀ကျော်နေတာ။ ဘာမှလည်းမသိသလိုလို။ သူသဘောကျတဲ့လူက ပြန်မကြိုက်တာလည်း မပြောနဲ့လေ။ လူကသာ ချောနေတာ လုပ်နေတာတွေက တကယ်ကိုအဖိုးကြီးစတိုင်။
"အိုမားရေ ဧည့်သည်လာတယ်"
"လာပြီ သားငယ်...အယ် ပတ်..."
အိုမားအသံက တစ်ယောက်ထဲနဲ့နှစ်မျိုး။ ကိုကြီးကိုထူးဆန်းစွာကြည့်နေပုံကြောင့် ဘတ်ဟျွန်း အားနာသွားရပြီး ကိုကြီးကိုလှည့်ကြည့်တော့လည်း ကိုကြီးမျက်နှာက ဘတ်ဟျွန်းနဲ့လိုမဟုတ်ဘဲ တည်တည်တန့်တန့်ကြီး။
"မနေ့က ကျွန်တော့်ကို ခေါ်သွားပေးတဲ့ကိုကြီးလေ အိုမား"
"အော် အေးကွယ်။ ထိုင်ပါ။ ထိုင်ကြပါ။ အိုမားတစ်ခုခုပြင်လိုက်မယ်နော်။ နေ့လယ်စာရော..."
"တော်ပြီ အိုမား။ သားတို့ အပြင်မှာစားမှာ။ ကိုကြီးကို ကော်ဖီမတိုက်နဲ့နော်။ ရင်ခံသွားမယ်။ juice ပဲ။ ကိုကြီး ခဏလေးနော်။ just only 10 minutes"
"ဖြည်းဖြည်းလုပ်ပါ ကလေးလေးရ"
တစ်ယောက်ထဲ ပျာယာခတ်နေတဲ့ ဘတ်ဟျွန်းခေါင်းပေါ် လက်ဝါးနဲ့ပွတ်သပ်ပေးလာကိုတော့ ဘတ်ဟျွန်း မငြင်းတော့။ အပေါ်ထပ်ကိုပြေးတက် ရေအမြန်ချိုးပြီး ဘတ်ဟျွန်းလည်း သူ့နဲ့တွဲဖက်ညီနေစေဖို့ Off White စွယ်တာထုတ်ဝတ်ပစ်လိုက်သည်။
ဒီနေ့တော့ မာစီဒီးကားအနက်ရောင်တံခါးထိ ကိုယ်တိုင်ဖွင့်ပေးလာသူက မနေ့ကထက် နူးညံ့နေသလိုပင်။ ကားကိုမောင်းနှင်ပုံကလည်း အလွန်တရာကိုမှ ရင်းနှီးကျွမ်းဝင်နေသလိုပါ။
"ကိုယ်က လူဆိုးဖြစ်နေရင် ကလေးဘယ်လိုလုပ်မလဲ"
"ပြန်ပေးဆွဲချင်လို့လားဟင်။ အဲဒါဆိုလည်း ဆွစ်ဇာလန်ကိုခေါ်သွားပေးနော်။ အိုမားက လက်ထပ်ပြီးမှ သွားရမယ်။ တစ်ယောက်ထဲမလွှတ်ဘူးဆိုလို့ အရမ်းစိတ်ညစ်နေတာ"
"အတတ်ကလေး။ ကိုယ် တကယ်မေးနေတာ။ အခုချိန်ထိ ကိုယ် ဘယ်သူဘယ်ဝါဆိုတာ မသိဘဲ ဘယ်လိုယုံကြည်မှုနဲ့ ကိုယ့်ကိုအနားထားရဲတာလဲ။ ကိုယ် တကယ် ကလေးကို တစ်ခုခုလုပ်လိုက်မှာ မကြောက်ဘူးလား"
Ending Part
Start from the beginning
