Pooh အရုပ်တွေအပြည့်နဲ့ညဝတ်အင်္ကျီအဝါဝမ်းဆက်ဝတ်ထားတဲ့ ဘတ်ဟျွန်းဘေးမှာတော့ addidas စွယ်တာအဖြူပွပွကို၊ အနက်ရောင် ဘောင်းဘီနဲ့တွဲဖက်ဝတ်ထားသူက သန့်ပြန့်ပေါ့ပါးနေ၏။ အနက်ဝမ်းဆက်နဲ့လည်း ခန့်သလို အဖြူရောင်နဲ့လည်း လန်းဆန်းနေသူက ဘတ်ဟျွန်းကို ပါးချိုင့်တစ်ဖက်ခွက်ဝင်သည်အထိ ပြုံးကြည့်နေ၏။
"ပထမဆုံး ပန်းရဖူးတာ"
"တော်သေးတာပေါ့"
"ဘာကို..."
"ကလေးရဲ့ ပထမဆုံးဖြင့်ခွင့်ရလို့"
"ကိုကြီးကတော့ အများကြီးပေးဖူးတယ်မလား သူများတွေကို"
"ကလေးကလည်း ကိုယ့်ပထမဆုံး"
"မယုံပါဘူး။ သဘောကျနေတဲ့လူရှိတယ်လို့ပြောခဲ့ပြီးတော့"
ဘတ်ဟျွန်း စွာပစ်လိုက်တာကို ဘာမှပြန်မပြောဘဲ ရယ်နေ၏။ ဆံပင်တွေကိုလာသပ်တဲ့လက်ကို ခေါင်းငဲ့ရှောင်လိုက်တာပေမယ့် ဘတ်ဟျွန်း ပါးပေါ် လက်ဖဝါးပြင်နွေးနွေးနဲ့ ပွတ်သပ်မိသလိုဖြစ်သွားသည်။ ဘတ်ဟျွန်းရင်ခုန်နှုန်းတွေ တဒိတ်ဒိတ်။ မျက်လုံးလှန်ကြည့်မိတော့ နူးညံ့စွာပြုံးပြသူပင်။
"ကလေးအားရင် ကိုယ်နဲ့ နေ့လယ်စာလိုက်စားပေးနော်"
"မအားဘူးဆိုရင်ရော"
"နေ့လယ်မအားရင် ညနေစာပေါ့"
"ညနေပါမအားရင်ရော"
"အဲဒါဆို မနက်ဖြန်"
"လူလည်ကိုကြီး"
"ကိုယ် ကလေးမိဘတွေကို လိုက်နှုတ်ဆက်လို့ရမလား"
"ဟင်...ဘာလို့"
ဘတ်ဟျွန်း အံ့ဩသွားရတာတော့အမှန်ပင်။
"ကိုယ်နဲ့သွားလာတာသိထားတော့ ကောင်းတာပေါ့။ ကလေးကိုလည်း စိတ်ပူစရာမလိုတော့ဘူး"
ပေါ့ပါးတက်ကြွပုံရပေမယ့် ဒီလိုမျိုး လူကြီးတွေကိုတောင် လိုက်လံနှုတ်ဆက်ချင်သူရဲ့ လေးနက်မှုကို ဘတ်ဟျွန်း အသိအမှတ်ပြုရ၏။
Ending Part
Bắt đầu từ đầu
