"ဆိုးတော့ရော..."
ဘတ်ဟျွန်း ရင်ဘတ်ထဲကခေါင်းအုံးကိုဖျစ်ညှစ်လိုက်မိ၏။ ဖုန်းထဲမှာ ပိုဩရှနေတဲ့အသံပိုင်ရှင်ရဲ့ လှုပ်ရှားမှုတွေကိုလည်း လိုက်လံပုံဖော်မိသည်။
"ကလေးကဆိုးရင် အလိုလိုက်ပစ်လိုက်မှာဗျာ။ ဘာမှတ်နေလဲ ဒီလူကို"
"ဘယ်လို အလိုလိုက်မှာလဲ"
"ကလေးလေး ဘာစားချင်လဲ"
ဘတ်ဟျွန်းရယ်မိတာ မထိန်းချုပ်နိုင်။
"ကျွန်တော် ကလေးမဟုတ်ပါဘူးဆို"
"ဒါဆို ဘာလုပ်ချင်လဲ။ ဘာဖြစ်ချင်လဲ"
"ရုတ်တရတ်ကြီးဆိုတော့ စဥ်းစားလို့မရဘူး"
"ဖြည်းဖြည်းစီစဥ်းစားပြီး နေ့တိုင်းနေ့တိုင်း ပြောပေးဗျာ ဒါဆိုလည်း"
"ဘာလဲ ကိုကြီးက နေ့တိုင်း နေ့တိုင်း ဖုန်းဆက်မလို့လား"
"နေ့တိုင်း နေ့တိုင်းရော ကိုယ် လာတွေ့လို့ရလား"
"မသိဘူးလေ"
ဘတ်ဟျွန်း ရင်ဘတ်ထဲ ပုရွတ်ဆိတ်အကောင်တစ်သိန်းလောက် ယွစိယွစိတက်လာသလို ခံစားချက်နဲ့ ဖက်ထားမိတဲ့ခေါင်းအုံးကိုကိုက်ပစ်လိုက်မိသည်။
"အိပ်တော့နော် ကလေးလေး။ Good Night"
"ဟုတ် ကိုကြီးလည်း Good Night"
ဖုန်းကိုချပစ်လိုက်ရပေမယ့် စိတ်က လန်းဆန်းနေ၏။ ဒီညနေ ကြုံတွေ့လာရသမျှက အာရုံထဲ တငြိမ့်ငြိမ့်ပျော်ဝင်ပေါ်ပေါက်နေဆဲ။ ပါးချိုင့်နက်နက်နဲ့အပြုံးရယ်၊ ဘတ်ဟျွန်းကို စိုးရိမ်စွာ ငဲ့ကြည့်တတ်တဲ့ မျက်ဝန်းဝိုင်းတွေရယ်က အဲ့တစ်ညလုံး ဘတ်ဟျွန်းအိပ်မက်တွေထဲအထိ။
*********************
ဂျူးလိယက်နှင်းဆီရဲရဲတွေကို ပွေ့ပိုက်လိုက်ရတဲ့အခိုက်အတန့် ဘတ်ဟျွန်းရင်ထဲလည်း နှင်းဆီရနံ့တွေမွှေးကုန်သည်။ ဒီနေ့တော့ စတူဒီယိုကို မသွားတော့ဘဲ အိမ်မှာပဲ sketch တွေထိုင်ဆွဲနေကာမှ အိမ်ရှေ့ထွက်လာပါလို့ ခေါ်ဆိုသူကြောင့် ဘတ်ဟျွန်း အဝတ်တောင်လဲမလာရ။
Ending Part
Comenzar desde el principio
