"ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အရာက မင်းရဲ့ အ​စေ့​ပေါ့?"

ရှန်းမိုယွီရဲ အမြစ်​တွေ အားလုံး အတူတကွ ​ခေါင်းငြိမ့်ကြပြီး စုလင်းလက်​ကောက်ဝတ်ကို ချစ်ခင်မြတ်နိုးစွာ ပွတ်သပ်သည်။ 

"ငါနဲ့ အနံ့ အတူတူပဲ"

စုလင်းက ရနံ့ကို အလွန်ခံစားလွယ်သူ ဖြစ်သည်။ ထို့​ကြောင့် သူ့Pheromoneနံ့မှလွဲ၍ သူ့ခန္ဓာကိုယ်မှာ တစ်ခြားရနံ့ မရှိသည်ကို သူသိသည်။ သို့​သော် ရှန်းမိုယွီရဲ့ စကားအရဆိုလျှင် သူဟာ တစ်နည်းနည်းနဲ့ ရှန်းမိုယွီ အ​စေ့ရဲ့ သက်​ရောက်မှုကို ခံ​​နေရခြင်း ဖြစ်​နိုင်သည်။ ထို့ပြင် သူ့ခန္ဓာကိုယ်သည် လူသားတို့ သတိမထားနိုင်သည့် စိတ်ဝိညာဥ်ပင်များသာ ခံစားနိုင်သည့် ​ပြောင်းလဲမှု တစ်ခုရှိ​နေတာဖြစ်မည်ဟု စုလင်း ခန့်မှန်းမိသည်။ ဒါ​ကြောင့်သာ သူဟာ စိတ်ဝိညာဥ်ပင်​တွေနဲ့ စပ်နွှယ်မှု မြင့်မားတာ ဖြစ်​ပေမည်။ စုလင်း ရှန်းမိုယွီကို ရှုပ်​ထွေး​နေ​သော အမူအရာနဲ့ ကြည့်လိုက်သည်။ အခု​တော့ အ​ခြေအ​နေက ရှန်းမိုယွီ သူ့အ​ပေါ် သိပ်​ကောင်း​ပေး​နေတာ သူ့သားအဖြစ်မှတ်ယူ​နေလို့​​ ဟူ​သော အ​ခြေအ​နေကို ​ပြောင်းသွား​လေသည်။

ရှန်းမိုယွီက သူ့လက်​ကောက်ဝတ်ကို အသာရစ်ပတ်လာပြီး စကားလုံး၂​လုံး သူ့စိတ်ထဲ ​ပေါ်လာသည်။

"ပါ့ပါ လို့​ခေါ်"

ထို့​နောက် အမြစ်တစ်ခုက လုံ​မော့ထန်ကို ညွှန်ပြကာ

"ဦးဦးလို့​ခေါ်"

စုလင်း"......"

လူ​တွေက သူ့ကို ​အရူးလို့ ​ခေါ်​တော့မှာပဲ

စုလင်း အတန်ငယ်ကြာသည်အထိ ဆွံ့အ​​နေ​​သော​ကြောင့် ရှန်းမိုယွီက ငို​နေသည့်အမူအယာတစ်ခု ထပ်ပို့လာပြီး တစ်ချိန်တည်းမှာ သူ့သူငယ်ချင်း​ပေါက်စ​လေးကို ​​ငိုပြီး​ပြောသည်။

"ငါ့သားက ငါ့ကို ပါ့ပါလို့လည်းမ​ခေါ်သလို မင်းကိုလည်း ဦး​လေးလို့မ​ခေါ်ဘူး။ သူကြီးပြင်းလာတဲ့တစ်​လျှောက် သူ့အနားမှာ ရှိမ​ပေးနိုင်ခဲ့လိုများ သူငါ့ကိုအပြစ်တင်​နေတာလား?"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now