အပိုင်း(၃၀)

Start from the beginning
                                    

"လွယ်မယ်ထင်နေလား"

"...."

"လွယ်မယ်ထင်နေလားလို့ ဟမ် လွမ်းစေသော် ပထမတစ်ခါ ငါ့ဘက်ကဘာမှလုပ်နိုင်စွမ်းမရှိလို့ မင်းကိုလက်လွှတ်ခဲ့ပြီးပြီ ဒီတစ်ခါတော့ မင်းကိုငါပိုင်ချင်တယ် ၁နှစ်လည်းမဟုတ် ၂နှစ်လည်းမဟုတ် ငါ့ဘက်ကသည်းခံနိုင်စွမ်းကုန်နေပြီ လွမ်းစေသော် မင်း ပြော မင်းရောငါ့ကိုချစ်တယ်မလား"

"မဖြစ်လို့ပါ ချစ်ငယ်ရယ် ကြုံရမဲ့ ပြသာနာတွေကို မင်းကိုမရင်ဆိုင်စေချင်ဘူး မင်းကပတ်ဝန်းကျင်နဲ့အလုပ်လုပ်ရတဲ့သူ အာဏာစက်ဆိုတာလိုတယ်ကွ ငါ့အတွက်နဲ့ မင်း လူအပြောခံဖြစ်မှာ မလိုလားဘူး "

ကျွန်တော့်ရှေ့မှာ အကျိုးအကြောင်းတွေကို တစ်ခုချင်းဆီ ပြောနေတဲ့ လူကို စိတ်မရှည်တော့သလို။သိတယ် ကျွန်တော်အကုန်သိတယ် ဘာပြသာနာတွေဖြစ်လာမယ်ဆိုတာ ကျွန်တော့်အသက် ၂၅နှစ်အရွယ်နဲ့ သိပြီးသား။ဒါတွေကို စကားလုပ်ပြောနေတဲ့ လွမ်းစေသော်ကို ကျွန်တော် စိတ်တိုချင်လာ၏။သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းချရင်း ကျွန်တော် ပြန်ပြောတော့မဲ့လေသံက နည်းနည်းတော့ မာနေသည်။

"မင်းမှားနေပြီ လွမ်းစေသော် မင်းအတွက်နဲ့ လူအပြောခံ ဖြစ်ရအောင် ငါဆိုတဲ့ကောင်က မင်းကို ငယ်ငယ်ကတည်းကလိုချင်နေတဲ့ ကောင်ကွ မင်းကို..  မင်းကိုချစ်တာ ငါမင်းကိုဘဲလိုချင်တာ!! "

"ငါမင်းကိုချစ်ကတည်းက မင်းကငါ့အရာရာပဲ ငါ့အရာရာပဲလို့ လွမ်းစေသော်ရ မင်းနားလည်လား!!"

ကျွန်တော်ပြောသမျှကို မလှုပ်မယှက်နားထောင်နေသူကို စိတ်တိုစွာ ကော်လံကို ခပ်ကြမ်းကြမ်းဆွဲရင်း လေထဲကနေအားယူကာ တစ်ချက်လောက်ဆွဲထိုးပစ်လိုက်သည်၊ဒီထက်ခံစားရစေချင်တယ် ကျွန်တော်ခံစားရတာထက် ပိုခံစားရစေချင်တယ်။ဒီကောင် ကျွန်တော့်ခံစားချက်ကိုထည့်မတွက်ဘူး။ဒီကောင်...ကျွန်တော့်ကို...

"မ မငိုပါနဲ့ မငိုပါနဲ့ ချစ်ငယ်ရယ် ငါ ငါ...."

မျက်နှာပေါ်က ရဲတက်လာတဲ့ ဒဏ်ရာကိုလျစ်လျှူရှုကာ ကျွန်တော့်မျက်ရည်တွေကို ကပြာကယာသုတ်ပေးနေသူက လွမ်းစေသော်။ဒီလိုမျိုးတွေကြောင့် ကျွန်တော်ရူးမှာ။လွမ်းစေသော် ကျွန်တော့်ကို ရူးအောင်လုပ်နေတာ။

အချစ်ထက်သာလွန်သော[Completed]Where stories live. Discover now