"ဘာမှမဖြစ်ဘဲ ဘာလို့ပြေးထွက်လာတာလဲ။ တစ်ခုခုတော့ ဖြစ်တယ်ထင်တယ်။ ကိုယ့်ကိုပြောလို့ရပါတယ်"
သူ့ပုံစံကအလေးအနက်ပင်။ ဝတ်စားထားတဲ့ အဝတ်အစားတွေကလည်း တကယ်ကို ဘရန်းဆိုမှ ဘရန်းတွေ။ စီးထားတဲ့ဆိုင်ကယ်တင် သိန်းရာကျော်နေမှာသေချာ၏။ ပါတီကိုလာတဲ့ ဧည့်သည်ဆိုတော့ ဟိုလူ့မိတ်ဆွေပဲဖြစ်လိမ့်မည်။ ဒါပေမယ့်လည်း ဘတ်ဟျွန်းကို ဒီနေရာထိရောက်လာအောင် ခေါ်လာပေးခဲ့သူမို့ မရိုင်းပျချင်။
"ကျွန်တော်လည်း garden ကနေ ထွက်လာရင်း ခေါ်သံကြားတော့ ပြေးမိပြေးရာပြေးလိုက်တာ တကယ်က ဟီး"
"ဟော ဒါဆို အပြင်ထွက်ချင်လို့ မဟုတ်ဘဲ ကိုယ် ခေါ်လာမိသွားတာပေါ့"
"မဟုတ်ဘူး။ အပြင်လည်းထွက်ချင်လို့ပါ။ ပါတီမတက်ချင်တော့လို့"
"ပါတီက ဘာဖြစ်လို့လဲ"
"ဟင့်အင်း ဒီလိုပဲ"
"လူကြီးတွေကို ပြောခဲ့ရဲ့လား"
"ရတယ် နောက်မှဖုန်းဆက်လိုက်မယ်"
"ဒါပေမယ့် အိမ်ရှင်တွေက စိတ်မကောင်းဖြစ်မယ်ထင်တယ်"
"အဲ့လိုခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်ပါဘူး ကျွန်တော်နဲ့က။ လူကြီးတွေနဲ့သာ သိတာ။ ကိုကြီးကရော ဘယ်သူနဲ့သိတာလဲဟင်။ ဟိုလူနဲ့လား ဟိုလူ့မိဘတွေနဲ့လား"
"ဟိုလူဆိုတာ..."
"ပတ်ချန်းယောလ်ကို ပြောတာပါ"
ဘတ်ဟျွန်းတို့မတ်တပ်ရပ်နေရင်းနဲ့ပဲ ဖြတ်သွားဖြတ်လာ တက္ကစီရှိမရှိ ကြည့်နေမိ၏။ အိမ်ကိုလည်း မပြန်ချင်သေး။ အခုနေပြန်လည်း နားပူခံရမည်။ စကားပြောနေရင်းနဲ့တော့ အိုမားဆီ စာပို့ထားလိုက်၏။
"အကုန်လုံးနဲ့သိပါတယ်"
"အော်... အဲ့လူက အရမ်းဆိုးတယ်လို့ကြားတာနော်"
"ဘယ်သူပြောတာလဲ"
"ဒီလိုပဲ ဟိုဟိုဒီဒီက"
"ကလေးက သူနဲ့မတွေ့ဖူးဘူးမလား"
ကလေးလို့ခေါ်သံကို ထူးဆန်းစွာ သူ့ကိုမော့ကြည့်မိ၏။ အရပ်ရှည်မယ်လို့ အစတည်းက ထင်ထားပေမယ့် ဆိုင်ကယ်ပေါ်ကဆင်းလိုကွမှ တကယ်ကို ဘတ်ဟျွန်းထက် ခေါင်းနှစ်လုံးလောက်ပိုမြင့်နေသည်။
Part 1
Start from the beginning
