လီဗာလက်ကိုင်ကိုဖိလိုက်သံကြားတာနဲ့ ရှေ့ကလူရဲ့ခါးတွေပေါ် မသိစိတ်ရဲ့ကြောက်ရွံ့မှုနဲ့ အလိုအလျောက်ဖက်တွယ်သွားမိ၏။ တကယ်တော့ ဘတ်ဟျွန်း တစ်ခါမှ ဆိုင်ကယ်မစီးဖူးဘူးလေ။ ဒါကတကယ်ကို ပထမဆုံး။ ပထမဆုံးအကြိမ်ကိုမှ ကိုယ် လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်နဲ့။
အရှိန်နဲ့ပြေးထွက်တဲ့ဆိုင်ကယ်ကြောင့် ဘတ်ဟျွန်းတစ်ကိုယ်လုံးကို ရှေ့ကကျောပြင်ကျယ်ဆီ ဖိကပ်သည်အထိ ဖက်တွယ်ထားမိရ၏။ ဆိုင်ကယ်က ဘယ်လမ်းတွေကို ဘယ်လိုဖြတ်လာခဲ့မှန်းလည်း ဘတ်ဟျွန်းမသိပါ။ ဆိုင်ကယ် ထိုးခွင်းသွားတဲ့ လေထုကြောင့် အသည်းတအေးအေး။ လက်ဖျားတွေမှာတော့ ချွေးတွေစိုနေခဲ့ပြီး ဆိုင်ကယ်ရပ်လိုက်ချိန်မှာ လူက မူးနောက်နောက်ပင် ဖြစ်လို့နေ၏။
"ဖြည်းဖြည်း"
ဘတ်ဟျွန်း ရုတ်တရတ် ဆိုင်ကယ်ပေါ်ကမဆင်းနိုင်သေးဘဲ သူ့ခါးပေါ်က ဘတ်ဟျွန်းလက်တွေ ဖိညှစ်ခံလိုက်ရ၏။
"အဆင်ပြေရဲ့လား"
အသံကဩရှစွာ။ သူကိုယ်တိုင်လည်း ဆိုင်ကယ်က မဆင်းသေးဘဲ ဘတ်ဟျွန်းကို ငြိမ်သက်စောင့်နေပေး၏။
"ဟုတ် ရပြီ။ ကျေးဇူးပါ"
နေရာက ဘယ်နေရာမှန်း ဘတ်ဟျွန်း မခွဲခြားနိုင်။ အချိန်ကလည်း ညနေစောင်းကျသွားလိုက်တာ နေရောင်ပင်မရှိတော့။
"ခုနကအိမ်ကို ပြန်မှာမလား"
"ဟင့်အင်း"
ဘတ်ဟျွန်း ခေါင်းခါပြတော့ သူက စိုက်ကြည့်နေသည်။
"ဘာဖြစ်လာလို့လဲ အဲ့မှာ"
"ဘာမှမဖြစ်ပါဘူး"
"အဲ့အိမ်မှာ ပါတီရှိတာမလား"
"ဟုတ်တယ် ခင်ဗျားက ဘယ်လိုသိ"
စဥ်းစားကြည့်မှ အဲ့တုန်းက ဆိုင်ကယ်ထွက်လာတဲ့နေရာက ဟိုလူတို့အိမ်ဘက်ကနေပဲ။
"အာ ကိုကြီးလည်း ပါတီလာတာလား"
"အင်း..."
"ဒါဆို ပြန်သွားရင်သွားနော်။ အားနာလိုက်တာ ကျွန်တော့်ကြောင့်နဲ့သပ်သပ်ကြီး"
Part 1
Start from the beginning
