"အို ညီမတို့ ရောက်နေပြီဆိုပြီး အထဲဝင်မလာလို့"
အိမ်မကြီးကထွက်လာတဲ့ အိုမားတို့အရွယ်အမျိုးသမီး။ ပြုံးလိုက်လို့ခွက်ခနဲနစ်ဝင်သွားတဲ့ပါးချိုင့်နက်နက်ကထင်းခနဲပင်။ ဆင်စွယ်ရောင် လက်ရှည် dress နဲ့ ဆံပင်တွေကိုထုံးဖွဲ့ထားသည်မှာလည်း ကျက်သရေရှိစွာ။ ထိုအမျိုးသမီးထွက်လာတာမြင်တော့ တခြားဝိုင်းဖွဲ့နေကြတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားကြတာ သိသာ၏။ သေချာတယ် ဒါ ဟိုလူရဲ့ မေမေပေါ့။
"အစ်မတို့အလုပ်များရှုပ်နေမလားလို့ သားအာပါးကိုပဲ တစ်ယောက်ထဲလွှတ်လိုက်တာပါ"
"အိုး...ဒါ ဗြောင်ကလေးလေး။ သားရယ်။ သားကိုကိုက သိပ်ကိုမျှော်နေတာ"
"ဟုတ် မင်္ဂလာပါ အန်တီ"
"အထဲကိုလာကြပါ"
"ရပါတယ်။ ကျွန်တော်တို့ ဒီမှာပဲ ခြံထဲကြည့်ရင်းနဲ့ နေပါ့မယ် အန်တီ"
"ဒီလိုလည်း ကောင်းတာပဲ။ အနောက်ဘက်မှာ Garden ရှိသေးတယ်။ စကားအေးဆေးပြောလို့ရတာ။ သားကိုကိုကို သားရောက်နေပြီလို့ သွားပြောဦးမယ်။ အချိုပွဲတွေ စားထားနှင့်နော် သား"
အိုမားထက် အသက်ကြီးပုံရပေမယ့် အဲဒီလူမေမေက သွက်သွက်လက်လက်ရှိလှသည်။
"အိုမားပြောတယ်မလား။ သူက သားကိုသိပ်တွေ့ချင်နေတာပါ"
"Garden ကိုကြည့်ချင်လို့။ အိုမားတစ်ယောက်ထဲ ရတယ်မလား"
"ရတယ်လေ သွား။ ကိုကိုလာရင် သားဆီပဲ လွှတ်လိုက်မယ်"
"မလွှတ်လည်း ကိစ္စမရှိ"
"သားသား!"
လေသံမာချင်နေပြီဖြစ်တဲ့ အိုမားကို ဘတ်ဟျွန်း လှည့်မကြည့်တော့ပါ။ တစ်သက်လုံးအလိုလိုက်ခံခဲ့ရသမျှက ဒီလူကြောင့်နဲ့ အာပါးနဲ့အိုမားဆီကပါ ငြိုငြင်ခံနေရသည်။ မမြင်ရခင်တည်းက ဘယ်လောက်တောင် မုန်းဖို့ကောင်းလဲလေ။
Garden မှာတော့ အစိမ်းရောင်တွေနည်းသွားပြီး ပန်းရောင်စုံတွေဝေဝေဆာနေကြသည်။ ရနံ့သင်းပုံကလည်း စိတ်ကျဥ်းကြပ်မှုကိုပြေလျော့သွားစေ၏။ Garden ကနေ မော့ကြည့်မိတဲ့ အိမ်ရဲ့နောက်ကျောဘက်ကို ဘတ်ဟျွန်း ငေးနေမိ၏။ အငွေ့အသက်တွေကစိမ်းသက်စွာ။ ပြီးတော့ ရင်းနှီးလိုစိတ်လည်းရှိမနေခဲ့ပဲ။ လူတိုင်းလိုချင်တောင့်တနေတဲ့လူ၊ လူတိုင်းမက်မောတဲ့အဲ့လူဘေးကနေရာကို ဘတ်ဟျွန်း တကယ်မရောက်ချင်။ အရာရာ ငွေနဲ့ပိုင်းဖြတ်ပြီး ငွေရှိလျက်အထီးကျန်ရမယ့်ဘဝကို ဘတ်ဟျွန်းမလိုချင်။ ငယ်ရွယ်သူပီပီ ဘတ်ဟျွန်းလိုချင်နေတာက နှလုံးသားကလာမယ့်အချစ်စစ်။ ဒီလို ကိန်းကြီးခမ်းကြီးနိုင်တဲ့လူဆီမှာ အချစ်စစ်ရှိဖို့ မဖြစ်နိုင်။ ပြီးတော့ သူ့ဘေးနားမှာ ဝိုင်းနေကြတဲ့အချောအလှတွေ။
Part 1
Start from the beginning
