အိမ်အရိပ်နင်းရုံနဲ့တင် စိမ်းသက်တဲ့ခံစားချက်တွေက ဘတ်ဟျွန်းကျောရိုးတလျှောက်လုံးကိုအေးခဲသွားစေသည်။ စိမ်းစိုနေတဲ့ခြံအကျယ်ကြီးက တိတ်ဆိတ်ငြိမ်သက်လွန်းနေသလို။ မီးခိုးရောင် သုံးထပ်အိမ်ကြီးကိုမြင်ရတာလည်း ရင်ထဲမှာ မွန်းကျပ်သွားစေ၏။ ပြီးတော့ ဘတ်ဟျွန်းတို့မိသားစုဝင်လာပါပြီဆိုတည်းက ပြေးထွက်ကြိုလာကြတဲ့ အနောက်တိုင်းဝတ်စုံဝတ် ဘော်ဒီဂတ်တွေ။ ဒီခေတ်ကြီးထဲမှာ ဒီလိုမျိုးတွေဟိတ်ကြီးဟန်ကြီးထုတ်တတ်တဲ့လူတွေကို ဘတ်ဟျွန်းစိတ်နဲ့မတွေ့ဆုံးပင်။ အိမ်မျက်နှာစာဘေးမှာတော့ မီးကြိုးတွေမီးဆိုင်းတွေနဲ့ အဖြူရောင်များများသုံးထားတဲ့အခင်းအကျင်းနဲ့ ပါတီကိုလှမ်းမြင်နေရသည်။
ပါတီအတွက် အလုပ်ရှုပ်နေကြတာလည်း သိသိသာသာ။ အစားအသောက်တွေ၊ အဖျော်ယမကာတွေကို သယ်နေကြတာလည်း တွေ့ရပြီး ဘတ်ဟျွန်းတို့နဲ့အတူတူဝင်လာတဲ့ ပါတီတက်သူတွေ။ ဘတ်ဟျွန်းသိနေတဲ့စီးပွားရေးလုပ်ငန်းရှင်အချို့အပြင် တီဗီဖန်သားပြင်မှာပဲမြင်ရတတ်သည့် နာမည်ကြီးအနုပညာရှင်တစ်ချို့တောင် ရောက်နေကြသေးသည်။ ပါတီက private ဆိုပေမယ့် တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့ ကိန်းကြီးခန်းကြီးနိုင်လွန်းလှသည်။ ပါတီတက်တဲ့လူတွေ ဝတ်စားလာကြသမျှကလည်း တကယ်ကို ဆုပေးပွဲအခမ်းအနားတက်ကြသလို evening gown တွေ dress တွေ။ နားထဲမှာ သဲ့သဲ့ကြားနေရတာလည်း သိပ်ချောကြောင်း၊ ယောက်ျားပီသကြောင်းတွေက ဟိုလူအကြောင်းတွေပဲဖြစ်မှာပေါ့။
"အိုမားပြောတဲ့ coat လေးထပ်ဝတ်ခဲ့ရမှာသားသားရယ်"
"ဒါက ဘာဖြစ်နေလို့လဲ အိုမား။ သားက်ိုယ်တိုင်ချုပ်ထားတာနော်"
Creation နဲ့ပတ်သက်ရင် ဆတ်ဆတ်ထိမခံတဲ့ ဘတ်ဟျွန်းကို အိုမားဆက်ပြောမလာတော့။ ဘတ်ဟျွန်းဝတ်ထားတာက အဖြူရောင်တီရှပ်လက်တိုအပွကို အောက်က ခဲရောင်ဂျင်းအပွနဲ့ဆိုတော့ ထသွားထလာပုံစံမျိုး ဆန်နေမှန်းတော့သိသည်။ ဒါပေမယ့်လည်း ဘတ်ဟျွန်းလာချင်လွန်းလို့ရတဲ့ပွဲမဟုတ်ဘဲ ဘာလို့ပြင်ဆင်ရမှာလဲ။ အာပါးကတော့ အိမ်ထဲဝင်သွားပြီး အိမ်ကြီးရှင်တွေနဲ့ နှုတ်ဆက်ပုံရသည်။
Part 1
Start from the beginning
