ဘတ်ဟျွန်းမှာ ကျောင်းပြီးထားတာတောင်မကြာသေး။ အိမ်ထောင်ရေးဆိုတာကြီးထဲ ခြေချုပ်မိရမယ့်အပြင် ဒီလိုထိပ်တန်းမှာရှိနေပြီး နာမည်ကြီးဟုန်းဟုန်းတောက်ဖြစ်နေတဲ့လူကို ပါရမီဖြည့်ပေးနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်။ ဘတ်ဟျွန်းက အပြန်အလှန်ချစ်ခြင်းမေတ္တာတွေနဲ့ အိမ်ထောင်ရေးတစ်ခုကို ပေါ့ပေါ့ပါးပါးလေးတည်ဆောက်ချင်တာ။ အရာအားလုံးထက် ဘတ်ဟျွန်းကိုရှေ့တန်းတင်ပြီး ဦးစားပေးအလိုလိုက်ပေးမယ့်လူ။ ဘတ်ဟျွန်းကလည်း အဲ့လိုလူနား အချိန်ပြည့်နေပြီးချစ်ပေးချင်တာမျိုးလေ။ ကြွယ်ဝမှုတွေသိပ်မရှိရင်တောင် သူရှိနေရင်ကို ရပြီဆိုတာမျိုး။ သူတို့လောက်မဟုတ်ရင်တောင် ဘတ်ဟျွန်းမိဘတွေရဲ့ အရှေ့တိုင်း၊ အနောက်တိုင်းဖက်ရှင်ဆိုင်တွေက ကိုရီးယားမှာထိပ်တန်းပဲ။ ဒါတွေကို အမွေဆက်ခံမှာလည်း ဘတ်ဟျွန်းတစ်ယောက်တည်း
မိဘစကားနားမထောင်လို့ ဘတ်ဟျွန်းကို အမွေဖြတ်ချင်ရင်တောင် ဘတ်ဟျွန်းကိုယ်တိုင်မှာလည်း ဖက်ရှင်စတူဒီယိုတစ်ခုရှိပြီးသား။ မိဘတွေကို ကလန်ကဆန်လုပ်ချင်တာမဟုတ်ပေမယ့် ဘတ်ဟျွန်းအိမ်ထောင်ရေးကိုတော့ ဘတ်ဟျွန်းချစ်ရသူနဲ့သာ ဖြစ်ချင်သည်။
"တွေ့လိုက်ရင် အရင်လိုပြန်ရင်းနှီးသွားမှာပါ သားရယ်"
အိုမားက ဘတ်ဟျွန်းဆံပင်တွေကို ပွတ်သပ်ပေးရင်း လေပြည်လေးနဲ့ချော့၏။ ဘတ်ဟျွန်း ဘာတစ်ခုမှပြောမနေချင်တော့ပါ။ ပြန်ရင်းနှီးရမယ်ဆိုရင်တောင် ရင်းနှီးခဲ့ဖူးသမျှကိုတောင် မမှတ်မိပါဘူး။ ပြီးတော့ ဘတ်ဟျွန်း ကြားထားသလောက်ဆိုရင် ဒီလူက သိပ်ကိုမာနကြီးပြီး သိပ်ကိုခက်ထန်တာတဲ့။ အဲ့လိုဖြစ်ရလောက်တဲ့ ပညာအရည်အချင်းရော၊ ရုပ်ရည်ရောကလည်း သူ့ကိုပံ့ပိုးပေးထားတာပဲလေ။ ဆိုပေမယ့် အခုထိ သူ့ပုံကိုတောင် ဘတ်ဟျွန်းမမြင်ရသေးဘူး။ သူတို့မိသားစုက private တွေချပြီး သူတို့ရဲ့လုပ်ငန်းဆက်ဆံမယ့်သူကို ဘယ်မှာမှ မချပြသေးတာမို့ အွန်လိုင်းပေါ်ကနေတောင် ဓါတ်ပုံတွေက ရှာမရ။ ပြီးတော့ အိုမားတို့ကလည်း တွေ့မှကြည့်ဆိုပြီး သိပ်ကို ပဟေဠိတွေဆန်ပြနေကြတာလေ။
Part 1
Start from the beginning
