Bloody Love part- 13🖤

Start from the beginning
                                    

ပြောမနာဆိုမနာ သူငယ်ချင်းတွေဆိုလည်း မမှားပေ။

"ရွှေရည် ဒီနေ့လေ ကျောင်းသားအသစ်ရောက်မှာဟ......"

ရောက်တာနဲ့ တစ်ကျောင်းလုံးရဲ့ cctvကေသီခိုင်က ပြောလာချင်းဖြစ်သည်။ သူတို့အဖွဲ့မှာ ကိုယ်စီအကျင့်မတူတာလေးတွေရှိသည်။

ကေသီခိုင်က တစ်ကျောင်းလုံးရဲ့ cctv။ သူမသိတာမရှိ။ အနက်ရောင် ဆံပင်ဂုတ်ဝဲလေးနှင့် ချစ်စရာကောင်းသည့် Omegaလေး။

ဖြိုးဇော်မင်းက စာဂျပိုး မျက်မှန်အထူကြီးနှင့် အနေအေးတဲ့သူဖြစ်သည်။ ယောက်ျားဆန်တဲ့ မျက်ဝန်းတွေနဲ့အတူ မျိုးရိုးမြင့် Alpha။

ပိုးမြင့်ဇူက ပျော်ပျော်နေတတ်ပြီး ဝမ်းနည်းလွယ်သူ။ အရပ်​ရှည်ရှည် ဆံပင်ရှည်ရှည်နှင့် အင်အားကြီးသည့် Alphaပင်....။

"ရွှေရည်.....နင့်ကို ဟိုအဖွဲ့ကြည့်နေတယ်...."

ပိုးမြင့်ဇူကပြောလို့ကြည့်လိုက်တော့ သူ့အား ဒေါသမျက်ဝန်းတွေနဲ့ ကြည့်နေသည့် ထက်ဧကရီ......

ထက်ဧကရီ ဆိုတာ တက္ကသိုလ်တစ်ခုလုံးရဲ့ အလှဆုံး Queen။ ရုပ်ချော စာတော်ပြီး စီးပွားရေးမေဂျာမှာ အထူးချွန်ဆုံး Omega။

ဒါတွေဟာ ဖူးငယ်မရောက်ခင်အထိ။ ဖူးငယ်ရောက်လာတာနဲ့ သူမ၏ Queenဆိုတဲ့ ဂုဏ်ပုဒ်ဟာ နေ့ချင်းဆိုသလို ဖူးငယ်ဆီကိုရောက်သွားသည်။ ဒါကြောင့် ထက်ဧကရီ ကမကျေနပ်ပါ။ အမြဲရန်သူလို ဖူးငယ်ကို နှောက်ယှက်တက်သည်။

"အဟားဟား ငါချောလို့နေမှာပေါ့......ဒါမှမဟုတ် ငါ့ကိုကိုက ချောလို့နေမှာ....."

ဘာမှမဖြစ်သလိုနဲ့ဘဲ သူငယ်ချင်းတွေကို ဖူးငယ်စနှောက်လိုက်တယ်။

"အမယ်လေး......ရှင့်ကိုကို ရေခဲတုံးကြီးချောတာ ကျမတို့သိပြီးသားပါနော်....."

"ဘယ်လို??"

ကေသီခိုင်ဆီက ရေခဲတုံးဆိုတဲ့ အသံကိုကြားတော့ နည်းနည်းတော့ ကြောင်သွားသည်။ ဒါဟာ သူ ကလျာ့ကို အမြဲလိုလို ခေါ်နေကြနာမ်စား။

"အာ အကို​ေဗွမယူပါနဲ့.....ကေသီက ကျနော်အထဲမှာ အဆိုးဆုံးဖြစ်နေလို့ပါ......"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now