"ရတယ်​လေ မင်း သားကိုသာအဲ့​နေ့
အားအောင်လုပ်ထားဖို့မှာထားလိုက်
ဒါနဲ့ ဘာ​နေ့မို့လို့"

" အမေ ကြိုတင်ပြီးပြောလိုက်ရင်
ဘယ်လိုလုပ်ပြီးsurprise ဖြစ်တော့
မှာလဲ အ​ဖေက အမေ့မွေးနေ့မှာမှsurpriseလုပ်ဖို့စီစဥ်ထားတာ"

အလျင်မြန်
ကြားဖြတ်ဝင်ပြောလိုက်တဲ့ ဗျူဟာ
ကို ဦးထင်ပိုင်မျက်နှာပျက်လျက်
တစ်ချက်ကြည့်ရင်း။

"ဟုတ်တယ် ခိုင်ရဲ့ အစ်ကိုလက်ဆောင်တောင်ပြင်ထားပြီးပြီ"

"အသက်​တွေကြီး​နေပြီsurprise
ဖြစ်စရာ​တွေလက်​ဆောင်​တွေမလိုပါဘူး မိသားစုသုံး​ယောက် ညစာအတူတူ
ထွက်စားရရင်​ကျေနပ်ပြီ"

"အစ်ကို အလုပ်သွားတော့မယ်
အ​ဖေ့ဆီလည်း ဝင်ရဦးမယ် ကျောင်းသွား
ရင်ကားကို ဖြေးဖြေးမောင်း ဗျူဟာ"

"ဟုတ်ကဲ့ အ​ဖေ"

ဦးထင်ပိုင်ကားကခြံထဲကထွက်သွား
မှသူ့အ​မေ မျက်နှာအရိပ်အ​ခြေကို
ကြည့်ရင်း အ​ဖေ​​အ​မေ့​မွေး​နေ့ကို
မမှတ်မိတာအ​မေမကြားလိုက် မျက်နှာ
မပျက်တာ သေချာမှ သူစိတ်အေးသွားရသည်။

အ​ဖေ့ရဲ့အ​မေအဖွားနှစ်ပတ်လည်နဲ့
ကပ်​နေလို့အ​မေက သူ့မွေးနေ့တိုင်းအလှူအတန်းကလွဲပြီး ဘာမှမလုပ်ခဲ့။

" ဝတ်ရည် လေးနဲ့ အဆင်ပြေတယ်
မလားသား။သက်သက်နဲ့အ​မေက​တော့စကား​တွေ​စထား​နေပြီ​နော်"

"​ပြေတာ​ပေါ့"

"အဲ့ကလေးမ​လေးကိုသားသ​ဘော
ကျသလို အမေလည်းအရမ်းချစ်တာ​ပဲ ​ချွေးမ​တော်ရဖို့ မစောင့်နိုင်တော့ဘူး
အ​မေ့သားကကြိုးစား​ပေးမယ်မလား"

"အ​မေ ကလည်းဗျာ"

သူ့အမေနဲ့စကား​ပြောရင်း ကော်ဖီ​
သောက်လို့အပြီး ဗျူဟာပြုံးလျက်
ထိုင်ခုံပေါ်က​နေ ထလိုက်သည်

"လာမဲ့ အ​မေ့ မွေး​နေ့အတွက်
လက်ဆောင်ဖြစ်လာမှာမို့ခဏပဲ​စောင့်"

"ဟုတ်ပါပြီ အ​မေ​စောင့်​နေမယ်
အ​မေ့သား​လေး​တောင်
လူကြီးဖြစ်လာပြီပဲ"

ဒေါ်ခိုင်နီလာ မျက်နှာမှာ အပြုံးတွေ
ဖြစ်​နေတာကိုဗျူဟာ​ကျေနပ်​နေရင်း

The First He GlaredWhere stories live. Discover now