" မင်းအဲ့လို့ပြောလို့မရဘူး​လေသား
တစ်ကယ်ဆိုမင်းကသူ့ထက်အကြီး
ဆန်းဆက်ကမင်းညီပဲ။လူငယ်​တွေ
ဖြစ်လာ​တော့မင်းတို့က ပိုပြီးတောင်မှ
ညီအစ်ကို​တွေ တိုင်တိုင်ပင်ပင်နဲ့တစ်
ရင်းတစ်နှီးရှိသင့်တယ်။
ကိုယ့်မိသားစုအချင်းချင်းမှ မစည်း
လုံးရင်ဘယ်လိုလုပ်မှာလဲ"

"သားကအ​နေတည်​တော့ဆန်းဆက်နဲ့
သိပ်မကိုက်ဘူးဖြစ်မှာပါ အခေါ်အပြော
တော့ ရှိကြတာပဲ​လေ အစ်ကို"

" အဲဒါကိုပဲပြောချင်တာလေ ညီအကို
တွေက ​ခေါ်​ပြောတဲ့ ဆက်ဆံရေးပဲ
ဖြစ်သင့်လား ဒီထက်ပိုပြီး တရင်းတနှီး
ရှိရမှာဟုတ်ဘူးလား။မြင့်သူတို့ လင်
မယား မျက်နှာလည်းရှိသေးတယ်။
မသိတဲ့သူ​တွေကသားက ဆန်းဆက်ကို ဖယ်ထားတယ်လို့ ထင်နေလိမ့်မယ်
သားသူငယ်ချင်း ဘုန်းပြည့်နဲ့ကျ​တော့
သားကတစ်တွဲတွဲ​လေ အ​ဖေ​ပြောချင်
တာသိလားသား"

" ဘုန်းပြည့်နဲ့ကျ ငယ်ငယ်ထဲက
ကျောင်းအတူတူတက်လာတဲ့သားရဲ့သူငယ်ချင်း​လေ တူမလားအစ်ကို"

"ခိုင် သားကိုအစ်ကို​ပြော​နေရင်ကြားက​နေဝင်မပါလို့ရမလား အစ်ကိုက သားအတွက်ပဲပြောနေတာ "

ဒေါ်ခိုင်နီလာအ​ပေါ် ဦးထင်ပိုင်အသံ
မာသွားသဖြင့် ဗျူဟာချက်ချင်းပင်။

"ကျွန်​တော် နားလည်ပြီအ​ဖေ"

"တခန်းထဲမလား ​တွေ့ရင်​ခေါ်
ဘုန်းပြည့်လိုမျိုးပဲ ​ဘော်ဒါလိုသ​
ဘောထားပြီးညီအစ်ကိုဆို​ပေမဲ့
သူငယ်ချင်း​တွေလိုပဲ​ပေါင်းကြ အ​ဖေ​
ရောမင်းအဘိုး​ရောကမင်းတို့​တွေ ရင်းရင်းနှီးနှီးရှိတာကိုမြင်ချင်​​နေတာ"

ဗျူဟာ သူ့အဖေ့ကိုဘာမှ ပြန်မပြော
တော့ဘဲ ထမင်းဝိုင်းကတိတ်ဆိတ်သွားသည်။

" မနက်ပိုင်း ထမင်းများများစား​လေ
ခိုင် မင်း သားကိုပဲ ကြည့်မ​နေနဲ့"

​ဒေါ်ခိုင်နီလာမျက်နာမှာ အပြုံးတို့ပြန်
ဆင်လိုက်လျက်

"​နောက်အပတ် ဆယ့်နှစ်ရက်နေ့
အဂါ​နေ့ ကျရင် အစ်ကိုညနေပိုင်းအိမ်​
စော​စောပြန်လာပြီး အချိန်ရအောင်
လုပ်ထား​ပေးလို့ရမလား သားနဲ့အတူတူ အပြင်မှာညစာ ထွက်စားချင်လို့ "

The First He GlaredWhere stories live. Discover now