စာစဉ်(၂၇) အပိုင်း(၁၂)

202 16 0
                                    

အင်မော်တယ်ဖေဖေ စာစဉ်(၂၇) အပိုင်း(၁၂)
အခန်း(၃၄၄-က)ဘယ်သူပိုသန်မာသလဲ

သူတို့ပြေးဝင်သွားစဉ်...

မုဝူသည် သူ၏အိတ်ကပ်ထဲသို့ လက်နှိုက်ကာ အေးစက်စက်အလင်းရောင်ဟပ်နေသည့် စိန်ပုံစံစူးတစ်ခုကို ထုတ်ယူလိုက်သည်။ ယေဘူယျအားဖြင့် ထိုကဲ့သို့သော လက်နက်အား တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ထဲသို့ ထိုးလိုက်လျှင် ထိုလူသည် သွေးတိတ်တော့မည်မဟုတ်ချေ။

ဟွမ်ချီသည် ညာလက်ဖြင့် ရှေ့အစွန်းတွင် အနက်ရောင်အဆိပ်များစွန်းထင်နေသည့် ဓားမြှောင်တစ်ချောင်းကို တိတ်တဆိတ်ထုတ်ယူလိုက်သည်။ ရန်သူ၏ခန္ဓာကိုယ်အား ဓားဖြင့်ထိုးမိရုံဖြင့် အဆိပ်မိသွားပြီး တစ်မိနစ်အတွင်း သေဆုံးသွားပေလိမ့်မည်။

ကျန့်ဇုန်ဟောင်မှလွဲ၍ အခြားသူများအားလုံးသည် ၎င်းတို့၏ကိုယ်ပိုင်လက်နက်များကို ထုတ်ယူလိုက်ကြ၏။

လက်နက်မပါဘဲ ထိုဂေါ်ရီလာအား သတ်ရန် ခက်ခဲကြောင်း သူတို့အားလုံး သိကြသည်။

ကျန့်ဇုန်ဟောင်မှာ အလွန်ရူးသွပ်သွားပေပြီ။ သူသည် လက်နက်မပါဘဲ ဂေါ်ရီလာ၏မျက်လုံးများကို လက်ချောင်းသက်သက်ဖြင့် ထိုးဖောက်ရန် ကြံစည်ခဲ့၏။

သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုက သူ့အား ယခင်ကထက်ပို၍ ရက်စက်ရန် အမြဲသတိပေးနေသည်။

ထိုအချိန်တွင် ဂူချွမ်လုံအပါအဝင် ထိုင်နေသေးသည့် လူအချို့မှာလည်း မတ်တပ်ထရပ်လိုက်ကြသည်။

ဤကဲ့သို့ ပြင်းထန်သည့် တိုက်ပွဲမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြ။

နောက်အခိုက်အတန့်တွင် ဂေါ်ရီလာသေလိမ့်မည်ဟု သူတို့ ထင်နေကြသည်မှာ မြေကြီးလက်ခတ်မလွဲပင်။

လူများ၏နှလုံးသားများမှာ ပါးစပ်ထဲမှ ခုန်ထွက်လာတော့မတတ်ပင်။

နက်နဲအဆင့် မာစတာလေးဦးနှင့် မြေကမ္ဘာအဆင့်မာစတာတစ်ဦး စုစုပေါင်း မာစတာငါးယောက်သည် ဂေါ်ရီလာအား တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ကြသည်။ ထိုမြင်ကွင်းမှာ အလွန်ထိတ်လန့်ဖွယ်ကောင်း၏။

အင်မော်တယ်ဖေဖေ (စာစဉ် ၂၁ မှ ၃၀ အထိ)Where stories live. Discover now