အပိုင်း(၃၀၃)ကျန်းဟန်၏တစ်ဖက်ခြမ်း
ကျန်းဟန် ခပ်ပါးပါး ရယ်မောလိုက်ပြီး ဇီယန်ကို ကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။
ဇီယန်သည် ထိုစကားပြောရန် အဆင်သင့်မဖြစ်သေးကြောင်း သူသိ၏။ သူမအဖြေဖြစ်သူ၏ဖုန်းခေါ်ဆိုမှုက ရုတ်တရက်ဆန်လွန်းလေသည်။
ထိုအခြေအနေမျိုးတွင် အနာဂတ်၌ ဆွေးနွေးပွဲကို အချိန်အနည်းငယ်ကြာ ညှိုနှိုင်းဆွေးနွေးခြင်းက သူတို့အတွက် ပိုကောင်းပေသည်။ အထိတ်တလန့်ဖြစ်နေသည့် ဇီယန်၏မြင်ကွင်းတွင် ကျန်းဟန်သည် နွေးထွေး၍ နူးညံ့သိမ်မွေ့သောမိသားစုဝင်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ နောက်တစ်ကြိမ် သူသည် ဇီယန်အား ဂရုတစိုက်ဖြင့် ခေါင်းယမ်းပြလိုက်သည်။
ဇီယန်သည် သွားကြားထဲမှ အောက်နှုတ်ခမ်းကို ပြန်လွှတ်လိုက်သည်။
"သမီး အလုပ်ကောင်းကောင်းတစ်ခုရှိနေပြီပြေတာပါ။ ကုမ္ပဏီကောင်းကောင်းတစ်ခုနဲ့ စာချုပ်ချုပ်ခဲ့တယ်။ သုံးနှစ်စာချုပ်ပါ" ဇီယန်က ဖုန်းထဲမှ ပြန်ဖြေသည်။ "ဒါကြောင့် သမီးဒီမှာ ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနေပါပြီလို့။ ဖေဖေနဲ့မေမေတို့ သမီးအတွက် စိတ်ပူနေဖို့မလိုပါဘူး"
ပြောပြီးသည်နှင့် ဇီယန်နှင့် ကျန်းဟန်မှာ သန့်စင်ခန်းတံခါးရှေ့တွင် ရပ်သွားသည်။
ဇီယန်သည် ကျန်းဟန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ခြေဖျားလေးများထောက်ကာ သူ၏ပါးကို နမ်းလိုက်သည်။ ထိုနောက် ဖုန်းဆက်ပြောရင်း သန့်စင်ခန်းထဲသို့ ဝင်သွားခဲ့သည်။
ကျန်းဟန်မှာ တံခါးနားတွင် နံရံကိုမှီကာ ဇီယန်အား တိတ်တဆိတ်ကြည့်နေသည်။
ဖုန်းပြောနေသည်မှာ ငါးမိနှစ်ခန့်ကြာသွား၏။ သူမ၏မိဘများကို နှုတ်ဆက်ပြီးနောက် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ကာ ဇီယန်သည် ကျန်းဟန်ဆီသို့ ပြန်လာသည်။ သူမ သူ၏ဘေးနားတွင်ရပ်လိုက်ပြီး မေးစေ့ကို အနည်းငယ် မော့လိုက်သည်။ သူမ နှုတ်ခမ်းရဲရဲလေးများကို ဖိကိုက်ကာ တောင်းပန်သည့်လေသံဖြင့် ပြောသည်။
![](https://img.wattpad.com/cover/345662081-288-k0f1f14.jpg)
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၂၁ မှ ၃၀ အထိ)
Actionအင်မော်တယ်ဖေဖေ စာစဉ်(၂၁) မှ (၃၀) အထိကို ဒီမှာ တင်ပေးသွားပါမယ်နော်...