စာစဉ်(၂၂) အပိုင်း(၄)

200 11 0
                                    

အပိုင်း(၂၈၇)အဆက်အသွယ်များ

"ဘာလို့ပြန်မဖြေတာလဲ" ဇီယန်က မေးသည်။

သူမ ယခုမှအိပ်ရာနိုးလာသည်ဖြစ်ရာ ဤအခိုက်အတန့်၌ သူမသည် အလွန်ချစ်စရာကောင်းနေ၏။

ကျန်းဟန်သည် ဇီယန်ဆီသို့ လျှောက်သွားပြီး သူမ၏ရှုပ်ပွနေသည့်ဆံပင်များကို သပ်သပ်ရပ်ရပ်ပြင်ပေးရန် လက်ကိုဆန့်ထုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"မနက်စာပြင်မလို့သွားနေတာပါ"

"အင်း" ဇီယန် အသာအယာခေါင်းညိတ်လိုက်သည်။

"မုန့်မုန့် နိုးပြီလား" ကျန်းဟန် မေးသည်။

"မနိုးသေးဘူး"

ဇီယန် စကားဆုံးသည်နှင့် ဒုတိယထပ်ရှိ မာစတာအိပ်ခန်းထဲမှ မုန့်မုန့်၏အသံကို ကြားလိုက်ရသည်။

"မေမေ၊ မေမေ၊ ဖေဖေ ဝူးဝါး..."

မင်းသမီးလေးမှာ နိုးလာသည့်အချိန်၌ ဇီယန်ကို မတွေ့ရသဖြင့် ငိုလေတော့သည်။

"မြန်မြန်"

ဇီယန်စကားဆုံးသည်နှင့် ကျန်းဟန်မှာ ချက်ချင်းလှုပ်ရှားသွားသည်။

သူသည် အလွန်လျင်မြန်စွာလှုပ်ရှားသွားသဖြင့် ဇီယန် အနည်းငယ် အံ့အားသင့်သွား၏။

သူဘယ်လိုတောင် မြန်အောင်ပြေးတာလဲ။

ငါစကားမဆုံးသေးဘူးလေ။

သူက မုန့်မုန့်ကိုပဲ ဂရုစိုက်တယ်။ အရူးကောင်။

ဤအချိန်တွင် ဇီယန်မှာ အနည်းငယ် မနာလိုဖြစ်သွားမိ၏။

ဤသည်မှာ သူမ၏ဘဝဖြစ်၏။ မုန့်မုန့်သည် သူမ၏သမီးဖြစ်သော်လည်း ယခုအချိုန်ဒ၌ သူမပိုင်ဆိုင်ထားသည့်အရာကြောင့် မနာလိုဖြစ်မိသည်။

ဇီယန်သည် မကြသေးမီကာ ကြည့်ခဲ့ဖူးသည့် အမေရိကဟာသဗီဒီယိုကို သတိရမိသည်။

ဗီဒီယိုတွင် မိဘများက ကလေးရှေ့တွင် နမ်းသည့်အခါ ဆံပင်ရွေရောင်ကလေးမလေးက စိုးရိမ်တကြီး အော်လေသည်။ "မဟုတ်ဘူး"

နောက်ဆုံးတွင် မိဘများက ကလေးမလေးအား ချော့စေချင်သည့်အတွက် သူမက "မဟုတ်ဘူး" ဟုထပ်၍ အော်လေသည်။ ထိုနောက် သူမ ဒေါသတကြီးဖြင့် ပြေးထွက်သွား၏။ ဗီဒီယိုမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်။

အင်မော်တယ်ဖေဖေ (စာစဉ် ၂၁ မှ ၃၀ အထိ)Where stories live. Discover now