အပိုင်း(၂၇၉-က)လဆန်းပင်လယ်ကွေ့သို့အပြန်(၁)
"အမ် မင်းတို့ ဘယ်လိုရောက်လာတာလဲ" ကပ္ပတိန်မှာ စိတ်ဓာတ်ကျစွာမေးရင်း သစ်ပင်များပေါ်သို့မော့ကြည့်ကာ ခါးသီးစွာပြုံးလိုက်သည်။
သူတို့ သစ်ပင်တွေပေါ်ကနေ ဖြတ်လျှောက်လာကြတာများလား။
ဤအချက်ကို ထည့်မတွက်လျှင်ပင် သူတို့မှာ အနည်းငယ် ထူးဆန်းသည်ဟု ထင်မိသည်။ မည်သည့်အသံများမထွက်ဘဲ သစ်ပင်များပေါ်တွင် လှုပ်ရှားသွားလာနိုင်သည့်အတွက် သူတို့၏စွမ်းရည်မှာ အလွန်သန်မာအားကောင်းရပေမည်။
နောက်အခိုက်အတန့်တွင် ကပ္ပတိန်မှာ စိတ်ဓာတ်ကနေသည့် သူ၏အဖွဲ့ဝင်များကို တောထဲရန်မှ ထွက်ရန် လက်ပြန်လိုက်သည်။
သို့သော် သူခေါင်းလှည့်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည်က သူ့ကို လုံးဝအံ့အားသင့်သွားစေ၏။
လူငါးဆယ်ကျော်မှာ သူတို့အား ဝိုင်းရံရန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ အများစုမှာ သူတို့လက်ထဲတွင် သေနတ်များကို ကိုင်ထားကြပြီး အချို့မှာ သစ်ကိုင်းများ ကိုင်ဆိုင်ထားကြသည်။
သူတို့ဘာလုပ်ကြမလို့လဲ။
ကပ္ပတိန်မှာ စိတ်ရှုပ်ထွေးသွားသော်လည်း သူတို့ဘာလုပ်ချင်သည်ကို သိလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော်...
"ရိုက်"
စကားလုံးတစ်လုံးတည်းဖြင့် အမိန့်ပေးသံကိုကြားလိုက်ရသည်နှင့် ရက်စက်သည့်လူစုမှာ ပြေးလာကြလေသည်
ဘုန်း ဘန်း ဒိုင်း.
"အု"
"အား"
"ငါ့မျက်နှာကို မရိုက်နဲ့"
"..."
ခန်းမထဲရှိ စခရင်တွင် တစ်ဖက်သတ်အကြမ်းဖက်တိုက်ပွဲကို ပြသနေသည်။
"သူတို့ အရမ်းလွန်သွားပြီ" နည်းပြဟုန်မှာ စားပွဲကို ပုတ်လိုက်ပြီး ဒေါသတကြီးဖြင့် မေးသည်။ "နည်းပြရမ် သူတို့ဘာလုပ်တာလဲဆိုတာ မင်းရှင်းပြချက်ပေးရမယ်။ သူတို့က တခြားသူတွေကို အနိုင်ကျင့်နေတာပဲ"
![](https://img.wattpad.com/cover/345662081-288-k0f1f14.jpg)
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၂၁ မှ ၃၀ အထိ)
Actionအင်မော်တယ်ဖေဖေ စာစဉ်(၂၁) မှ (၃၀) အထိကို ဒီမှာ တင်ပေးသွားပါမယ်နော်...