Bloody love part-12🖤

Start from the beginning
                                    

သတင်းစာကိုမချ မေးသည့်မေးခွန်းကို ခပ်ရှင်းရှင်းဖြေလိုက်တော့ မင်းနွယ်တစ်ယောက် အံ့သြမှင်သက်လျက်။

"ဟို ကျောင်းကို ဖူးငယ်နဲ့ အတူသွားမှာလားမမ......"

ဖူးငယ်က မေးတော့ သတင်းစာကို စားပွဲပေါ်ချကာ black coffeeကိုသောက်ရင်း.....

"ဟင့်အင်း....... ဖူးငယ်အရင်သွားနှင့် မမက နောက်မှ ကိုယ့်ဘာသာ လာမယ်။"

ထိုသို့ပြောသည့်အခါ ဖူးငယ်တစ်ယောက် နှုတ်ခမ်းလေးက ဆူကာ.....

"ဟွန့် ကျောင်းအတူသွားချင်တာကို....."

"Strawberryလေးရယ် ကျောင်းပြန်ကြ မြေးလေးမမနဲ့ အတူတူပြန်ရမှာလေကွယ်"

အဖိုးလီယို ​သူ့မြေးငယ်လေး ဖူးငယ်ကို နှစ်သိမ့်စကားလေးပြောပြီး နားချမှ ဖူးငယ်တစ်ယောက် စိတ်လျော့သွားတော့သည်။

အဖိုးက သူမြေးတွေကို fruits & animals nameလေးတွေ ချစ်စနိုးနှင့် ပေးထားသည်။

ကလျာ့ဆိုလို့ရှင်ရင် Apple, Kitten
မင်းနွယ်ကြ Pineapple, puppy
ဖူးငယ်ကြ strawberry, butterfly
(A/N: ကျနော့်ပါးပါးကတော့ ကျနော့်ကို patato(အာလူး) နဲ့ Ducky(ဘဲပေါက်) တဲ့😗)

"ဖူးငယ် အားလုံးပြင်ပြီးပြီလား။"

"ဟုတ် ကိုကို"

"ကလျာ နင်က နာရီဝက်လောက်ကြာမှ လာခဲ့"

အမွှာညီမဖြစ်သူကို မှာနေပေမယ့် ဟိုက နားကိုမထောင်။

"ဟေ့ရောင်!!"

"လီးလားကွာ"

အသံမာမာ​နဲ့ခေါ်လိုက်တာနဲ့ ချက်ချင်း ဆဲသံထွက်လာတဲ့ ကလျာပါ။

"နားလေးနေတာလားဟမ်!"

"မလေးဘူး သူတောင်းစားရ!!"

နား အနားကိုကပ်ပြီး မင်းနွယ်က အော်တာကြောင့် ကလျာ ဒေါသတကြီးနှင့် ပြန်အော်ပြောသည်။

"ဒါဆိုငါပြောနေတာ နားထောင်လေ ဟမ်!"

"ငါသိပါတယ် ပြောစရာမလိုဘူး!"

"ငါက နင့်ထက်ကြီးတယ်နော် ဟေ့ရောင်!"

"အဟက်! စောက်ပိုတွေလာမလုပ်နဲ့​ ဟေ့ရောင်! 6မိနစ်အရင် ထွက်တာကို လာပြီး ဖင်ခေါင်းကျယ်နေတာ!"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now