ကျန်းဟန် ပြုံးလိုက်၏။ "ကောင်းပြီ။ ကိတ်မုန့်ခွဲဖို့ အချိန်ကျပြီ"
မုန့်မုန့်မှာ နောက်တစ်ကြိမ် ဝမ်းသာအားရအောင်လိုက်ပြန်သည်။ "ကိတ်မုန့်အချိန်ရောက်ပြီ"
ကျန်းလီသည် ကျိုးဖေးအား တစ်ချက်ကြည့်လိုက်၏။ "ငါ ဒီတစ်ခု လိုချင်တယ်" ကျန်းလီ ပြောသည်။
"ငါ ဒီတစ်ခုယူမယ်"
"ပြီးတော့ ဒီတစ်ခု"
"အမ်" မုန့်မုန့်သည် မိန်းကလေးနှစ်ယောက်အား စိတ်ရှုပ်ထွေးစွာ ကြည့်သည်။
"ဟင့်အင်း ဟင့်အင်း မရဘူး" မုန့်မုန့်က စိုးရိမ်တကြီးပြော၏။ "အန်တီတို့ မုန့်မုန့်ကို စားလို့မရဘူး။ တာဟေးကိုလည်း စားလို့မရဘူး။ ခွေးလေးတွေကိုလည်း စားလို့မရဘူး။ မဖြစ်ဘူး"
ကျန်းလီ မရယ်ဘဲ မနေနိုင်တော့ချေ။ "ဒါဆို ငါတို့က ဘယ်ဟာစားရမှာလဲ"
"အယ်... အင်း...ဒီဟာစား။ အဲဒီ ဝက်သေးသေးလေးတွေကို စား" မုန့်မုန့်က အတည်အတံ့မျက်နှာဖြင့် ပြောသည်။
နောက်ဆုံးတွင် ကိတ်မုန့်အား အပိုင်းများစွာ ပိုင်းဖြတ်လိုက်၏။ ထိုနောက်တွင်တော့ သစ်သားပန်းပုထွင်းထးသည့် ကိတ်မုန့်များကို ဖယ်ရှားလိုက်ပြီး မုန့်မုန့် စိတ်သက်သာရာရစေရန် သိမ်းဆည်းသွား၏။ မုန့်မုန့်မှာ အကြီးဆုံးကိတ်မုန့်နှင့် နောက်ထပ် အပိုင်းသေးသေးလေးများစွာဖြင့် အဆုံးသတ်သွား၏။ ယခုတော့ မုန့်မုန့်သည် စားပွဲတွင် ထိုင်ကာ သူမ၏ကိတ်မုန့်များအား ပျော်ရွှင်စွာ ကော်ဆွနေတော့သည်။
"အယ် ဒီမှာကြည့်ပါဦး။ တစ်လုတ်စာ ဝက်ကလေးတစ်ကောင်" မုန့်မုန့်သည် သူ့ဘာသာသူ တိုးတိုးလေး ပြော၏။ "ဟမ် တစ်လုပ်စာငန်းလေးတစ်ကောင်နဲ့။ တစ်လုတ်စာဘဲလေးတစ်ကောင်ရော။ အယ်... ဒါက ဘီစကစ်မဟုတ်ဘား။ အဲဒါကို မစားချင်ဘူး။ ဟမ့် ငါ ခရင်စကားချင်တယ်..."
မုန့်မုန့်မှာ ကိတ်မုန့်နှင့်ပျော်နေသည်ဟု ပြော၍ရ၏။
ထိုအချိန်တွင် အခြားသူများအားလုံးမှာ ဟော့ပေါ့ကို စပြင်ကြလေသည်။
လေထုမှာ အလွန်အသက်ဝင်လှ၏။
"မွေးနေ့မှာ ပျော်ရွှင်ပါစေ အစ်မယန်"
YOU ARE READING
အင်မော်တယ်ဖေဖေ (စာစဉ် ၂၁ မှ ၃၀ အထိ)
Actionအင်မော်တယ်ဖေဖေ စာစဉ်(၂၁) မှ (၃၀) အထိကို ဒီမှာ တင်ပေးသွားပါမယ်နော်...
စာစဉ်(၂၃) အပိုင်း(၁၀)
Start from the beginning