အပိုင်း (52)

1.5K 195 0
                                    

(52)

'' အဆုံးမှာတော့ သူတို့ နှစ်ယောက် လုံး က ငါ့ရဲ့ သွေးသား တွေပဲလေ ''

အဆုံးမှာတော့ ဘာအကြောင်းပြ ချက်မှ မရှိဘူး မလား။ အတူတူ မျှဝေ ခိုင်းမှာ ပဲ မလား။

ဟမ်......  နေပါအုံး....  အခုလေး တင် စုယွမ် က ဘာပြောလိုက်တာ?

စုယွမ် ပြောလိုက်တာ က အဲ့ နှစ်ယောက် က သူ နဲ့ သူ ရဲ့သွေးသား တွေ ပဲလို့ ပြောချင်တာလား?

ဆိုတော့ အဲ့ နှစ်ယောက် က သူတို့ ရဲ့ သားသမီး တွေ ပေါ့လေ?

ထိုကဲ့သို့ ရိုးရှင်းတဲ့ ဝါကျ တစ်ခု ကို သဘောပေါက် နားလည် စေ ဖို့ ရာ အတွက် ဟဲလျန်ချန်း တစ်ယောက် အများကြီး အချိန်တွေ ယူခဲ့ ရလေတယ်။

သူက စုယွမ်ကို တုန်ရီ နေတဲ့ မျက်ဝန်း တွေနဲ့ ကြည့် လိုက်ပြီးတော့ စုယွမ်ရဲ့ နားရွက်တွေ က နီရဲ နေတယ် ဆိုတာကို တွေ့လိုက် ရလေတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်လုံး တွေ ကတော့ ကြယ်ရောင်စုံ ထက်တောင် ပိုပြီးတော့ တောက်ပ နေပ သေးတယ်။

'' ကိုယ်တို့ ရဲ့ ကလေးတွေ လား? ''

ဟဲလျန်ချန်း တစ်ယောက် '' ကလေး '' ဆိုတဲ့ စကားလုံး နှစ်ခု ထဲမှာ သကြားတွေ ပြည့်နေတယ် လို့သာ သူခံစား နေ ရလေတယ်။ ဒါပေမယ့် သူက ပါးစပ် ကနေ ထုတ်ပြီးတော့ မေးလိုက်ရော နှလုံး သား ထဲက အချို တွေက ပါးစပ် အထိပါ ပြန့်လာတယ်လို့ ခံစား လိုက် ရတယ်။

'' ဟုတ်တယ်လေ။ နတ်ဘုရား တစ်ဝက်တောင် ရဲ့ လျှို့ဝှက် နယ်မြေ ထဲမှာ ငါတို့ ဖြစ်ခဲ့ ကြတယ်လေ။ နောက်တော့ ငါ့မှာ ရှောင်ယွဲ့ နဲ့ ရှောင်ဟွေးဟွေး တို့ ရှိလာ ခဲ့တာ ပဲ ။ ရှောင်ဟွေးဟွေး အသေးလေး က အရမ်းကို ချစ်ဖို့ ကောင်းပြီးတော့ ရှောင်ယွဲ့ အသေးလေး က အရမ်းကို လှပ တယ်လေ ''

ဟဲလျန်ချန်း က ရှောင်ဟွေး နဲ့ ရှောင်ယွဲ့ တို့ကို မြင်ဘူး ပြီးသား ပဲ ဖြစ်လေတယ်။ အစကတော့ ထို နှစ်ယောက် ရဲ့ မျက်နှာ တွေက အတော်လေး ကို အံ့သြ ဖွယ် ကောင်းတယ်လို့ သူခံ စားခဲ့ ရပေမယ့် အခုချိန်မှာတော့ အဲ့အကြောင်း ကို ပြန်တွေးလေလေ ထို နှစ်ယောက် ရဲ့ ရုပ်သွင်တွေက သူ့မှတ်ဉာဏ် ထဲမှာ ပိုပြီးတော့ တောက်ပ ရှင်းလင်း လာလေတယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Unde poveștirile trăiesc. Descoperă acum