အပိုင်း (32)

2.2K 276 4
                                    

(32)

ရွှီးဟယ် က အစာဘူး ကို သယ်လာကာ သူမရဲ့ မျက်နှာပေါ်မှာ တော့ ကြင်နာ တက်တဲ့ အပြုံးလေး တစ်ခုကို ပန်ဆင် ထားလေတယ်။ ကျက်သရေ ရှိတဲ့ အလှလေး ဖြစ်နေ ပေမယ့် သူမရဲ့ အမူအရာ က အနည်းငယ်တော့ ရှုပ်ထွေး နေခဲ့လေတယ်။

ရွှီးဟယ် ရဲ့ စိတ်အခြေအနေ က တကယ်ကို မကောင်းပါပေ။ သူမနဲ့ စီးထူယန် က အစကတည်း က နက်ရှိုင်းစွာ ချစ်ကျွမ်းဝင် နေ ပြီသား ဖြစ်ပေမယ့် တစ္စေ မင်းသမီး လုကျီ က ကြားဖြတ် ပြီးတော့ ဝင်ရောက် လာခဲ့တယ်လေ။

မနေ့က တစ်နေကုန် အရှုပ်အထွေး တွေနဲ့ ပြည့်နေ ပြီးတော့ သူမ အချော့ခံ လိုက်ရရင် တောင်မှပဲ ညရောက်တဲ့ အခါ သူမက ဘယ်လိုလုပ် ကောင်းကောင်း အိပ်ပျော် နိုင်မတဲ့လဲ။

လုကျီ မပေါ်လာခင် တုံး ကဆို စီးထူယန် က သူမရဲ့ လက်ပေါ်မှာပဲ ။ သူမ ကြိုက်သလို သူ့ကို ကစားလို့  လုပ်လို့ရတယ်လေ။ မမျှော်လင့် ထားတာက တစ္စေ မင်းသမီး လုကျီ က သူမထက် ပိုပြီးတော့ အားနည်း မနေတာပဲ။

သူမ တို့ နှစ်ယောက်  က ပြန်လည်သင့်မြတ် ဖို့ဆိုတာက မဖြစ်နိုင်ပေ။ ပြီးတော့ ထိုလုကျီ က သူမထက် ပိုပြီးတော့ အားနည်နုနယ် ပုံပေါ်ကာ  ပြီးတော့ သူမထက် ပိုလှတာကို ဝန်ခံ ပါတယ်။ လုကျီ ကို ကြည့်လိုက်တိုင်း ယုယချော့မော့ ပြီးတော့ အလိုလိုက် အကြိုက်ဆောင် ပေးချင်စိတ်တွေ အလိုလို တိုးလာတဲ့ အထိ ကို ဖြစ်ပေါ်စေတယ်လေ။

ယောကျာ်း တစ်ယောက် က အဲ့တာကို ဘယ်လို လုပ် ခုခံ နိုင်မှာတဲ့လဲ။ ဒါ​ကြောင့် စီးထူယန်က သူမ ဆီကနေ ဆွဲဆောင် ခံလိုက် ရတာပေါ့။

ဒီနေ့ မနက်ခင်း သူမ ထတဲ့ အချိန်မှာတော့ သူမရဲ့ ခေါင်းက ပေါက်ကွဲထား သလိုမျိုးကို နာကျင်နေခဲ့တာ လေ။ ဒါပေမယ့် အဲ့ထဲ ပိုအရေးကြီးတဲ့ ကိစ္စ ရှိနေဆဲ ဖြစ်လို့ သူမ က အဲ့တာ ကို ခဏ ဘေးဖယ် ထားလိုက်တယ်။

မြွေဘုရင် ကို အမြစ်ဖြတ် သုတ်သင် ဖို့က သူမ ကလန်က ပေးအပ်လိုက်တဲ့ အဓိက တာဝန် ပဲလေ။ ဒါက မြွေနန်းတော်ကို သူမ ရောက်လာ ရတဲ့ အဓိက အချက်ပဲ ။ အဲ့တာကို သူမရဲ့ ငယ်ချစ်ဦး လို မျိုး အချစ်ကြောင့် နဲ့တော့ နှောင့်နှေး ကြန့်ကြာ စေလို့ မဖြစ်ပါပေ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now