အပိုင်း (13. 2)

3.8K 464 8
                                    

(13. 2)

ဒါပေမယ့် စုယွမ်ရဲ့ အမေ ကတော့ စုယွမ်ရဲ့ ငိုသံကို မကြားရတာ သနားစရာ အတော် ကောင်းလေတယ်။

သူက မြွေမကောင်းဆိုးဝါး ကြီးရဲ့ ပွေ့ဖက်ခြင်း ကို ခံရပြီးတော့ ရွှေရောင်အလင်းတန်းတွေ ပေါ်နေတဲ့ နေရာကို ရောက်သွား ချိန်မှာတော့ အဲ့နေရာမှာ လူတွေ အများကြီး ရောက်နှင့်ပြီးသား ဖြစ်လေတယ်။ ပြီးတော့ တစ်ချက်လောက် ဝှေ့ကြည့်လိုက်တာနဲ့တင် လူတစ်ရာလောက်တော့ ရှိလေတယ်။

ပုဝါအုပ်ထားတဲ့ စုချင်းရှုလည်း အဲ့လူတွေ ထဲမှာ ပါနေခဲ့တယ်။

တစ်စုံတစ်ယောက် လာတဲ့ အသံကို ကြားလိုက်တော့ စုချင်းရှု က ဒီအတိုင်း လှည့်လိုက်ချိန်မှာ ဟဲလျန်ချန်း က စုယွမ်ကို ပွေ့ထား ပြီးတော့ သူမနဲ့ မျက်နှာချင်းဆိုင် နေရာကို ရောက်လာတာ တွေ့လိုက်ရတယ်။

စုချင်းရှု ရဲ့ မျက်လုံးတွေက ရုတ်တရက် အနည်းငယ် သိမ်မွေ့သွားတယ်။

စုယွမ် က အစတုံး က စုမိသားစု ရဲ့ အပယ်ခံ မမြင်ရတဲ့ သားတစ်ယောက် ဖြစ်လေတယ်။ သူက တစ်ကယ့်ကို ဆန်ကုန်မြေလေး တစ်ယောက် ဖြစ်ပြီးတော့ ကျင့်ကြံနိုင်မှု နဲ့ အရည်အချင်း လည်း ဘာတစ်ခု မှ မရှိတဲ့ အမှိုက်တစ်စ လို တည်ရှိမှု ပါပေ။

စုမိသားစုရဲ့ ခေါင်းဆောင်က သူ့ကို အရှက်ရစရာ တစ်ခု အဖြစ် မှတ်ယူပြီးတော့ အိမ်နောက်ဖေး ကို တိုက်ရိုက် လွင့်ပစ်ပြီး ပစ်ပယ်ထား ခဲ့လေတယ်။ တကယ်လို့ တစ်ဖက်လူက ဒီလိုမျိုး အသုံးဝင်လာမယ့် အချိန်ဆိုတာ မရှိခဲ့ရင် စုအဖေ က သူ့မှာ ဒီလိုသားမျိုး ရှိသေးတယ် ဆိုတာ ကို တစ်သက်လုံး အမှတ်ရ မှာတောင် မဟုတ်ပါပေ။

မမျှော်လင့်စွာနဲ့ပဲ ဒီကိုယ်လုပ်တော်ရဲ့ သားက တကယ် တက်နိုင်စွမ်း ရှိပြီးတော့ မြွေဘုရင်ကိုတောင် ရအောင် ချိတ်နိုင်သေးတာကိုး။ မြွေဘုရင်ကို ကြည့်စမ်းပါအုံး။ အဲ့လို အမှိုက်ကို နတ်ဘုရားတစ်ဝက်တောင် ကိုတောင် ခေါ်လာတဲ့ အပြင် လက်မောင်းတွေ ကြားထဲမှာတောင် တင်းတင်းကြပ်ကြပ်ထား ခဲ့သေးတယ်။

ဒါပေမယ့် နောက်ဆုံး ခွဲခြမ်းရရင် သူမတို့က မျက်နှာ တူနေသေးတယ်လေ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Donde viven las historias. Descúbrelo ahora