(47.2)
သူက ချက်ချင်းပဲ မြွေခေါင်းကို အရှေ့တိုး ပေးလိုက် လေတယ်။
စုယွမ် က မျက်နှာပေါ်မှာ မေးလိုတဲ့ အမူအရာ ပေါ်လာပြီးတော့ ပြောလိုက်တယ်။
'' ဆိုတော့? ''
ဟဲလျန်ချန်း ရဲ့ မြွေမျက်ဝန်း တွေထဲမှာ တုံးအ မှုကို အထင်သေး သလို ဖြစ်နေကာ နောက်တော့ သူ့ရဲ့ မြွေခေါင်းကို အရှေ့ကို တိုးပြီး မြွေပါးစပ်လေး ကို လှုပ်ပြ လိုက်လေတယ်။
စုယွမ် ကလည်း အဲ့လို လိုက်လုပ် လေတယ်။
အဲ့တာ က အနမ်းပေးတာ နဲ့ တူနေ သလိုပဲနော်။
ဒါပေမယ့် စုယွမ် က မြွေရဲ့ ပါးစပ်ကို ငုံ့ကြည့် လိုက်တဲ့ အချိန်မှာတော့ သူဘာစကား မှ မပြောနိုင် တော့ပါပေ။
တကယ်လို့ ဟဲလျန်ချန်းသာ လူသား ပုံစံနဲ့ ဆိုရင် လှပ ကျက်သရေ ရှိတဲ့ အလှလေး ရဲ့ နှုတ်ခမ်းလေး တွေ ဆွဲဆောင်မှု ကို စုယွမ် သေချာပေါက် ခံလိုက် ရမှာ ဖြစ်ပြီးတော့ သူ ကိုယ်တိုင် ကတောင် နမ်းဖို့ မစောင့်နိုင် ဖြစ်နေရမှာလေ။
ဒါပေမယ့် အခုတော့ နမ်းဖို့ ဆိုတဲ့ အရေး ကတော့ မေ့သာ ထားလိုက် ပါတော့လေ ။
စုယွမ်ရဲ့ အမူအရာကို တွေ့တော့ ဟဲလျန်ချန်း က ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်။
'' မင်းရဲ့ အနမ်းလေး ကသာ ကိုယ့်ရဲ့ ခွန်အားတွေနဲ့ ယုံကြည်ချက် တွေကို တိုးပွားစေ မှာပါ။ အဲ့အခါမှသာ ကိုယ့်ရဲ့ ကျင့်ကြံမှုက မြန်မြန်ပဲ ပြန်ကောင်း လာပြီးတော့ အရှေ့ဘက် နယ်မြေ ကိုလည်း အမြန် ပြန်နိုင်မှာပေါ့ ''
ဟဲလျန်ချန်း ရဲ့ စကားလည်း ဆုံးရော စုယွမ်ရဲ့ အနမ်းလေး က ချက်ချင်းပဲ ရောက်လာ ခဲ့လေတယ်။
ထိုအချိန်မှာတော့ စုယွမ် က ထို မြွေကို နမ်းတာ မဟုတ်ပဲ ထိုမြွေ ကနေ တစ်ဆင့် သူ့ကလေး နှစ်ယောက် ကို အနမ်းပေး တယ်လို့ ပဲ ယူဆ လိုက် လေတယ်။
သူ့ရဲ့ ကလေးလေး တွေကို တက်နိုင်သမျှ မြန်မြန် လေး တွေ့ရဖို့ အတွက် သူက ဒီမြွေကို ကောင်းကောင်း ဂရုစိုက် ရမှာပဲ ဖြစ်လေတယ် ။
YOU ARE READING
(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)
Random' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 complete #not_own_this #just_translation (တနင်္ဂနွေ နေ့တိုင်း update ရှိပါတယ်နော်)