အပိုင်း (2. 2)

6K 789 15
                                    

(2.2)

ရွှီးဟယ်ရဲ့ မျက်ဝန်းတွေက အေးစိမ့်နေပြီးတော့ ဒေါသတွေကို ဖိနှိပ်ထား ရတဲ့ ဟန်ပေါ်နေလေတယ်။ ထိုမျက်ဝန်း တွေ က စုယွမ်ကို ကြည့်နေတာ ဖြစ်လို့ စုယွမ် ခမျာ ရုတ်တရက် ကြီး ရေခဲတိုက်ထဲ ရောက်နေသလို ခံစားရလေတယ်။

ဥပမာ ပေးတာ မဟုတ်ပဲ တကယ်ကို ခံစားရတာ ပဲ ဖြစ်တယ်။

စုယွမ် က ဒီစိတ်ကူးယဥ် ကမ္ဘာ ကြီးကို ထပ်ပြီး ခံစားမိပြန်တယ်။

အကြည့် တစ်ခု နဲ့တင် သူက အောက်ခြေထိ ၃ ပေ လောက်ထူတဲ့ ရေခဲတိုက်ထဲ ရောက်နေသလိုမျိုး ကြုံတွေ့ ခံစားရပြီးပြီလေ။

စုယွမ် က အခုလက်ရှိ ကြုံတွေ့ နေရတဲ့ အခြေအနေကို အတော်လေး သိလေတယ်။ ဒါကြောင့် သူက သူ့ရဲ့ သဘောထားကို သနားစရာလေး အဖြစ် ချက်ချင်း ပြောင်းလိုက်လေတယ်။

'' မနေ့ည က ငါအရမ်းကို တာဝန် ထမ်းဆောင် ချင်နေတာပါ။ ဒါပေမယ့် မြွေဘုရင်ကြီး က အထဲကို ဝင်မလာခဲ့ဘူးလေ။ အာရုံတက်နားနီးတော့ မြွေဘုရင်ကြီး က မလာတော့တာ သေချာတော့မှ ငါပန်ပင်းလွန်းလို့ အိပ်ပျော်သွားတာပါ''

ရွှီးဟယ် က သူမရဲ့ စိတ်စွမ်းအားကို ဖယ်လိုက်ပြီးတော့ စိတ်ငြိမ်အောင် ထားလိုက် ပြီးတော့မှ နူးညံ့ စွာ ပြောလိုက်တယ်။

'' သတ္တမမြောက် သခင်လေးရယ် ၊ စိတ်မဆိုးပါ နဲ့နော်။ ဒီအစေခံ က အလျင်လိုသွားလို့ပါ။ ဒါကြောင့် ဒီလိုမျိုး အတင့်ရဲတဲ့ အပြုအမူ လုပ်မိတာပါ။ ဒီအစေခံ ကို ခွင့်လွတ်ပေးဖို့ မျှော်လင့် မိပါတယ် ''

မင်းပဲ မန္တာန်တွေ ကိုသိတယ်။

မင်းပဲ ကြီးမြတ်ပါတယ်။

မင်းပဲ နောက်ဆုံး ပြောရေး ဆိုရေး ရတဲ့ သူပါ။ ဟုတ်ပြီလား ။

စုယွမ် က သူ့စိတ်ထဲမှာ ပြောလိုက်လေတယ်။

'' မဟုတ်တာ။ လူတိုင်း က ရည်ရွယ်ချက် အတူတူ ပဲကို ''

စုယွမ် က ဒါကိုသာ ထုတ်ပြော လိုက်ရလေတယ်။

ရွှီးဟယ် က အဲ့တာ ကိုကြားတော့ စိတ်ကျေနပ် သွားပြီးတော့ စုယွမ်ကို စိုက်ကြည့်နေတာ ကနေ ရပ်တန့်လိုက်တယ်။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now