အပိုင်း (11.2)

4K 539 21
                                    

(11.2)

'' အား!  အား!  အား........  ''

ဟဲလျန်ချန်းက နတ်ဘုရားတွေ ကိုယ်တိုင် ထုဆစ်ထား သလိုမျိုး လှပ သွယ်လျတဲ့ လက်ကလေး လှလှလေးကို ဆန့်ထုတ် လိုက်တယ်။

ဒါပေမယ့် အဲ့ လက်လှလှလေး နှစ်ခုထဲမှ တစ်ခုဟာ နဂါးရဲ့ လည်ပင်းကို ဆိတ်ဆွဲလိုက် နောက်တစ်ခုဟာ နဂါးရဲ့ အမြီးကို ဆိတ်ဆွဲလိုက်နဲ့ ကြွက်တစ်ကောင်ကို ကြောင်တစ်ကောင် က ကစားနေသလို လှည့်ပတ် နောက်ပြောင် နေခဲ့တယ်။

နောက်တော့ စတင်ပြီးတော့ နဂါးကိုယ်ကို အဝတ်စုတ်တစ်ခုလို ညှစ်လာတယ်။

လုံဖေးယန် က အရမ်းကို ဒေါသ ထွက်သလို အရှက်လည်း ရတဲ့ အတွက်ကြောင့် နဂါးကိုယ်က ပြင်းပြင်းထန်ထန် ရုန်းကန် နေခဲ့လေတယ်။ ဒါပေမယ့် ဟဲလျန်ချန်း ရဲ့ လက်က သံလက်ကြီးလို ပါပဲ သူဘယ်လောက် ရုန်းကန် နေပါစေ လုံးဝ မလွတ်ပါပေ။ ဒါ​ကြောင့် သူက အကြောက် တရားတွေနဲ့ ရူးသွပ်စွာ အော်ဟစ် နေခဲ့လေတယ်။

ထိုဟာက စိတ်ကူးယဥ်ထား သလိုမျိုး နေနဲ့လကိုတောင် ဖုံးကွယ်သွားစေတဲ့ တိုက်ပွဲမျိုးနဲ့ လုံးဝ ကို မသက်ဆိုင်ခဲ့ပေ။ ထိုဟာက ဟဲလျန်ချန်း ရဲ့တစ်ကိုယ်တော် ပြပွဲနဲ့တောင် တူနေပြီးတော့ ဆိတ်လေး ဝက်လေး ကို သတ်တဲ့ ပွဲနဲ့တောင် တူနေပါသေးတယ်။

ဒါပေမယ့် စုယွမ် အတွက်ကတော့ တကယ်ကို မျက်လုံး ပွင့်စေခဲ့ပါတယ်။ ပြီးတော့ မီးရှုးမီးပန်း တွေက သူ့ကို မူးဝေစေတယ်လေ။

အဲ့တာ က တစ်ခြားမဟုတ်ပေ ခြေသည်းငါးချောင်း ပါရွှေရောင် နဂါး တစ်ကောင် ပါပေ။ ဟဲလျန်ချန်း က လှပစွာ ဆော့ကစကား နေပြီးတော့ သူ့လက်ထဲမှာတော့ ထို ကိုယ်ထည် ကြီးက ဘာအလေးချိန် မှ မရှိတဲ့ အလား ဖြစ်နေခဲ့ ပါတယ်။

ဟဲလျန်ချန်း က ကြည့်ရတာ ကစားလို့ ဝ သွားပြီးတော့ လွှင့်ပစ်တော့မယ့် အချိန်မှာ တစ်ခုခု ကို ပြန်အမှတ်ရသွား ဟန်နဲ့ သူ့ အင်္ကျီ လက်စ ထဲက ကြွေပုလင်းလေး ကို ထုတ်လိုက်လေတယ်။

ထိုဟာကို လုံဖေးယန် မြင်တွေ့ရတဲ့ အချိန်မှာတော့ သူ့ရဲ့ ကိုယ်ထဲကို အေးစက်တဲ့ လေတွေ ဝင်လာကာ ကြိုဖြစ်လာမယ့် ဟာကို ဝေဝေဝါးဝါး သိလာသလိုပါပဲ။

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now