"အလုပ်အကိုင်ကတော့ဆရာဝန် အထူးသဖြင့်ဒီလိုလူမျိုးတွေကို တရားမဝင်ကုသပေးနေတဲ့သူပေါ့"
"အော်ဟုတ် အကိုကတော့ဒီရေလှိုင်းပါ"
"သိပါတယ်ဗျ မာန်ရိပ်သွေးရဲ့ယောကျာ်းဒီရေလှိုင်းကိုမသိရှိမလား"
"အကိုအကြောင်းသိတည်းကတွေ့ချင်နေတာ အခုမှဆုံဖြစ်တယ်"
"ကျွန်တော်တို့သီးသန့်စကားပြောကြမလားအကို"
"ဗျာ"
"မင်းဆက် မင်းအလုပ်ပြီးရင်လည်းလစ်တော့ မိန်းမပါးစပ်ကြီးနဲ့လျှောက်ပြောမနေနဲ့"
"အတော်ပဲ အကိုလည်းမေးစရာလေးတွေရှိနေတာနဲ့ ခဏလောက်စကားပြောကြရအောင်"
"လှိုင်းငယ်"
မျက်နှာငယ်လေးနဲ့ကြည့်ကာ မပြောနဲ့တော့ဆိုသည့်ပုံစံနဲ့။ သို့သော်တစ်ယောက်မှသူ့ကိုဂရုမစိုက်တဲ့အပြင်တော်ဝင်မင်းဆက်မှ
"မင်းကနားတော့ စကားအများကြီးပြောရင် ဒဏ်ရာပြန်ပွင့်သွားလိမ့်မယ် အေးဆေးသွားအနားယူလိုက်"
"မင်းပထွေးမို့ဂျင်းထည့်တာလား ခွေးကိုပဲသွားပြော"
"မင်းကလူနာနော် ငါကဆရာဝန် ငါပြောတာပဲမှားတယ်ရှိမလား။ ဒီလိုနေရာမှာတော့မင်းငါ့စကားနားထောင်ရမှာပဲ"
"ငါက"
"မောင် ဒေါက်တာပြောနေတယ်လေ သွားအနားယူတော့"
"လှိုင်းငယ် မောင်က"
"မောင်"
အနည်းငယ်မြင့်လာသောခေါ်သံအောက် ဆရာဝန်အားမျက်မှောင်ကျုပ်၍ကြည့်ကာသတိပေးပြီးတစ်ဖက်အခန်းသို့ ထွက်သွားသည်။
အပြင်ထွက်ခါနီးအနောက်မှ ခနဲ့သလိုလေသံတိုးတိုးနဲ့ပြောလာသော 'မယက´ဆိုတဲ့အသံကိုကြားလိုက်ရသေးတယ်။ ပြောပေါ့နာစရာလား တစ်လောကလုံးမှာကြောက်တဲ့သူတစ်ယောက်တည်းပဲရှိတာ။ဘာဖြစ်ဖြစ်ငါသာတယ်။
"မင်းဆက်နော်"
"ခေါ်လို့ရပါတယ် ရင်းရင်းနှီးနှီးပေါ့"
"သူအဆင်ပြေတယ်မှတ်လား ဒဏ်ရာတွေကပြင်းတဲ့ပုံပေါ်ပေမယ့် နာကျင်တဲ့ပုံတော့တစ်ခါမှမတွေ့ရဘူး"
Part-43
Start from the beginning