"ကိုကိုခင်ဗျ"
"ဪ စစ်လေး ဘာဖြစ်လို့လဲ"
"မနေ့ညနေတည်းက ဖုန်းဆက်တာဘာလို့မကိုင်တာလဲ။ ညကရော ဘာလို့ပြန်မလာတာလဲခင်ဗျ။ ကျွန်တော်စိတ်ပူနေရတယ် သိရဲ့လား"
မနေ့ကစာသင်သွားတည်းက ဖုန်းအသံပိတ်ထားလို့ အခုထိတောင်မဖွင့်ရသေး။ မနက်အစောထလာပေမဲ့ မနက်စာစားပြီးပြီးမှသွားပါလို့ဆိုလာ၍အခုအိမ်ရောက်တော့ နေမြင့်နေပြီ။ အိမ်ရှေ့ထိလာစောင့်နေတဲ့ ဒီကလေးကတော့ အမှန်တကယ်စိတ်ပူနေပုံ။
"ကိုကို မနေ့ညနေကစာသွားသင်တာ မိုးအတော်ချုပ်သွားလို့ အဲ့အိမ်မှာညအိပ်လိုက်တာပါ။"
"အဖွားပြောလို့တော့သိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ဖုန်းတော့ကိုင်လေကိုကိုရယ်။"
"ကျွန်တော့်အလှည့်ကျတော့ ညအိပ်ပြီးစာပြဖို့ပြောရင် အဖွားကိုစိတ်မချလို့ဆို။အခုကျတော့ဗျာ"
"တောင်းပန်ပါတယ်ဗျာ။ အဲ့ကျောင်းသားကစစ်လေးလိုမလိမ္မာတော့ ကိုကိုသင်ရခက်နေလို့ပါ"
ခေါင်းလေးပွတ်ပေးလို့ ချော့ပြောရင် အမြဲစကားနားထောင်ပြီး ပြီးသွားတယ်။ တစ်ဦးတည်းသောသားလေးမို့လားမသိ ကိုယ်နဲ့ဆိုအရမ်းချွဲတတ်တဲ့ညီလေးလိုပဲ။ အိမ်ကညီမတောင်သူ့လောက်မချွဲတတ်ဘူး။
"ဒါဆို မုန့်သွားစားမယ်လိုက်ခဲ့"
"ဟို ကိုကိုမနက်စာစားလာတော့ ဗိုက်တင်း"
"အင်းပါဗျာ။ ခဏနေမှကော်ဖီဆိုင်သွားမယ် ကိတ်မုန့်ချိုချိုလေးတွေကိုကို့အကြိုက်လေ။ စားမယ်မလား"
"မဆိုးဘူး ကိုကိုဝယ်ကျွေးမယ်လေ"
"ဘယ်သူကျွေးကျွေး သွားစားရရင်ပြီရော။ ကျွန်တော်လာခေါ်မယ်နော်ကိုကို"
နီးနီးနားနားသွားလို့ရရဲ့သားနဲ့ သူစားချင်တာကအဲ့မှာပဲ ရှိပါတယ်ဆိုလို့ လှည်းတန်းဘက်ကဆိုင်ထိရောက်လာခဲ့ကြတယ်။
"ထပ်တွေ့ကြပြန်ပြီနော် ပိုးဟပ်ဖြူလေး"
"အမေ့"
ရုန်တရက် အနောက်ကနေ အနားကပ်ကာပြောလာသောသူကြောင့် လန့်ကာတုန်တောင်သွားသည်။ ထိုလူကို ကြည့်၍ မင်းအဏ္ဏဝါစစ်မှ