"ဒီလိုဆိုရင်တော့ ဒီလူကြီးနဲ့ရင်ဆိုင်ဖို့က ငါတို့ရှောင်လွှဲလို့မရတော့ဘူး"
"ရာရာစစ ငါ့မရီးကိုပါလာထိရဲတယ်။ တောက်စ် ငါ့အကိုသာရှိနေသေးလို့ကတော့ အဲ့လူတွေပြာကြနေပြီ"
"အခုလည်းကျတော့မှာပါ ဥက္ကဌ။ အပေါ်ကနဂါးက အမြုတေစုနေပြီ"
"လောလောဆယ်တော့မင်းတို့ထိန်းထားအုံး။ ထင်ရာမစိုင်းစေနဲ့ အချိန်မကြသေးဘူး"
"ဟုတ်ကဲ့ပါ ဥက္ကဌကြီး"
မနာခံရင်မဖြစ်လို့သာပြောလိုက်ကြပေမယ့် ရင်ထဲတွင်အခက်ခဲဆုံးအလုပ်တွက် ငိုကြွေးနေမိသည်။
အခန်းအတွင်းမှာတော့လက်ထဲတွင်မနက်ကရခဲ့သော အချက်အလတ်တွေကိုကိုင်လျက် အသက်မဲ့စွာထိုင်နေမိ၏။
ဆိုင်ကဝန်ထမ်းတွေရဲ့ထွက်ဆိုချက်အရ တစ်ဖက်ကမူးနေပြီး အတင်းထွက်လာခိုင်းတာကြောင့်ရောက်လာတာဖြစ်ပြီး ချက်ချင်းပြန်ဖို့တောင်လုပ်ခဲ့တာတဲ့။ အသားယူတာကိုလည်းငြင်းဆန်လို့ တာဝန်အရခေါ်သွားပေးရတဲ့ပုံ။
အငှားယာဥ်မောင်းပြောတာကလည်း တစ်ဖက်လူကကားတိုက်ခံရလို့ ဒဏ်ရာတွေနဲ့အိမ်မပို့ပဲ ဆေးရုံသွားခိုင်းပေမယ့် အတင်းတောင်းဆိုလို့အိမ်ပို့ပေးရတာဖြစ်ပြီး။ တလျှောက်လုံးလည်း သူပြန်မှာဖြစ်တဲ့အကြောင်းပြောနေသေးတယ်လိုပြောလာတဲ့အကြောင်း။
နောက်ဆုံးလှေကားကကျတဲ့သူကိုဆေးရုံလိုက်တင်ပေးရတဲ့အထိ။ ဆေးရုံကအထွက်နောက်ကျနေလို့ နီးရာမိုတယ်ဝင်နားတာတွေ။ အခန်းနှစ်ခန်းယူပြီး တစ်ခန်းဆီအိပ်တာတွေ အကုန်တိကျတဲ့သက်သေတွေနဲ့။
နားထဲမှာ မင်းကလွဲပြီးငါဘယ်သူနဲ့မှမပတ်သတ်ဖူးဘူးဆိုတဲ့ စကားသံလေးကပဲ့တင်ထပ်ရင်း ရှင်းပြဖို့တောင်းပန်နေတဲ့ပုံက ရင်အစုံဆောင့်ကန်ခံရသလို။
အသံတိတ်လို့ငြိမ်သွားသောအခန်းတွင်း ဦးသွေးအဂ္ဂရှိန်ဝင်လာသည်။ ပွရှုပ်နေသောအခန်းရဲ့ ကုတင်ထက်အရုပ်ကြိုးပျက်လှဲနေသူအနားသွားထိုင်လိုက်လို့။
"ကျုပ်ဘာဆက်လုပ်ရမလဲ လေးလေး"
"ဒီကံကြမ္မာက မင်းဆီရောက်လာချင်လို့ကိုရောက်လာတာငါ့တူ။ အစတည်းက ဘာကိုမှမယုံဘဲ မင်းကိုယ်တိုင်ဆုံးဖြတ်ခဲ့ရင် အခြေအနေတွေကပြောင်းနေမှာ"