Part-1

9.9K 257 1
                                    

စံအိမ်အတွင်းကားတစ်စီးဝင်လာလို့ ကားပေါ်မှအသက်အားဖြင့် သုံးဆယ်ခန့်သာရှိသည့်အမျိုးသမီးတစ်ဦးဆင်းလာသည်။ မြန်မာယဥ်ဖုံးပိတောက်ခြောက်ရောင်နှင့် ကျက်သရေရှိစွာလှပလွန်းသည့်ထိုအမျိုးသည်မှာ အိမ်တွင်းသို့ဝင်လျှင် အိမ်အကူအမျိုးသမီးမှ လာရောက်ကြိုလေ၏။

"ဒေါ်ကြီးနှင်း အခုတစ်ယောက်ရောအဆင်ပြေရဲ့လား"

"ခုနမှရောက်တာသမီးငယ်။ ဝင်သွားတည်းကတော့ အခုထိဘာမှမထူးသေးဘူး"

ထိုစဥ်

"ဒုန်း...ခွမ်း"

ကြားလိုက်ရသောဆူညံသံနဲ့အတူ အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး ခေါင်းကိုလက်တစ်ဖက်ဖြင့်ဖိလို့​ပြေးဆင်းလာသည်။ ထိုလက်တို့မှစီးကျနေသော သွေးတို့ကြောင့် ဒဏ်ရာအပြင်းထန်ရခဲ့ပုံ။

"ဟိုလေ တီချယ် ဘယ်လိုဖြစ်တာလဲ  အဆင်ပြေရဲ့လားရှင်"

"အဆင်ပြေပုံများ ပေါ်နေလား။ ဒီလိုအဖြစ်မျိုးမကြုံဖူးပါဘူး။ ရှင်တကယ် ဂြိုလ်ဆိုးကိုမွေးထားတာ သိလား။ ရိုင်းလိုက်တာလည်း လွန်ရော"

မျက်ရည်တို့လျှံလျက် ဒေါသတကြီးပြောလာသော သူရဲ့စကားတို့အား မိခင်တစ်ယောက်အနေနဲ့ မကြိုက်သော်လည်း ကိုယ့်သားအကြောင်းသိသည်မို့ ထိုစကားတွေက မလွန်ပါ

"အဲ့ဒီအတွက်တောင်းပန်ပါတယ်။ တီချယ့်ဘက်ကကျေနပ်တဲ့အထိ အကုန်လိုက်လျောပေးပါ့မယ်။ သားကိုအဆင်ပြေအောင်သင်ကြား ပေးနိုင်ဖို့အတွက်ကို "

"တော်ပါတော့ရှင် တော်ပါ။ စနောက်နေသလိုတောင်မပြောလိုက်ပါနဲ့။ ဒီလိုကလေး သင်ပေးမဲ့အစား အငတ်ပဲခံလိုက်မယ်သိလား"

တစ်ဖက်မှကျေနပ်အောင်စီစဥ်ပေးလိုက်ရပြီး စိတ်မောပန်းမှုတို့ကြောင့် သက်ပြင်းရှည်ချလို့ အပေါ်ထပ် သားရှိရာအခန်းကိုသာ ဦးတည်သွားလိုက်သည်။

"ဒေါက် ဒေါက် ဒေါက်"

"သား မာမီ ဝင်လာပြီနော်"

လော့မချထားတာကြောင့် အသံပေးလို့ဝင်လာလိုက်၏။ မိမိဝင်လာတာမို့ စုံလည်ကုလားထိုင်ကိုမျက်နှာချင်းဆိုင်လှည့်လာသည့် သားတော်မောင်မှာ
၁၄ နှစ်ဆိုသည့် အသက်နှင့်မလိုက်ဖက်အောင်  တည်တင်းလွန်းသည့်မျက်နှာထားနှင့် ပါးလွှာသော နှုတ်ခမ်းတို့မှာ အမြဲတစေတင်းတင်းစေ့ ထားပြီး နှာတံဆင်းဆင်းကအရှေ့ကကြည့်တောင် ပေါ်လွင်နေ၏။

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now