မကြာခင်ရောက်လို့လာတဲ့အစားသောက်တွေကို ကိုယ်တိုင်ထည့်ကျွေးလိုက်တယ်။ အစားကိုတော့နည်းနည်းမှမငြင်းပဲ အဆက်မပြတ်ပါးစပ်အပြည့်စားနေလေရဲ့။
ရှဥ့်လေးလိုပါးနှစ်ဖက်အစာအပြည့်ထည့်ပြီး အရသာခံဝါးနေပုံက တော်တော်လေးချစ်ဖို့ကောင်းလွန်းလို့ အမူအယာတိုင်းတစ်ချက်မလွတ်ထိုင်ကြည့်နေလိုက်တယ်။
"ဆေးရုံစောစောလေးသွားရမှာ ပြီးရင်ခေါင်းလျှော်ရေချိုးပေးမယ်"
"မလိုဘူးနော် ငါ့ဟာငါလုပ်နိုင်တယ်"
"ကျွန်တော်တစ်ယောက်လုံးရှိနေတာကို အပင်ပန်းမခံပါနဲ့ လာတော့"
"မင်းထပ်ချီပြန်ပြီ ငါစားလို့မပြီးသေးဘူး"
"အများကြီးစားပြီးနေပြီကို ကျွန်တော်မချီနိုင်တော့ရင်ဘယ်လိုလုပ်မလဲ"
"မလိုဘူးလို့ တဇွတ်ထိုးခွေးကောင် လွှတ်"
ရေချိုးခန်းထဲဝင်၍ ခုံတစ်လုံးယူကာထိုင်ခိုင်းလိုက်ပြီး အိင်္ကျီကြယ်သီးအားဖြုတ်နေ၏။
"မ မချွတ်နဲ့"
"ရေချိုးမှာလေ အဝတ်အစားက ဝတ်ထားလို့မှမရတာ"
"ဘာဖြစ်ဖြစ်မချွတ်နဲ့"
"ဒါဆိုအိင်္ကျီပဲ အိင်္ကျီပဲချွတ်လေ"
ဘာမှပြန်မပြောလာတော့ကြောင့် ကြယ်သီးအကုန်ဖြုတ်၍အပေါ်ညဝတ်အိင်္ကျီအားချွတ်ပစ်လိုက်သည်။
"မင်းဘာလုပ်နေပြန်တာလဲ"
မဆိုသလောက်လေးပြည့်တင်းနေတဲ့ဗိုက်ကိုစိုက်ကြည့်နေပြီးအသာအယာတို့ထိလာသူ
"ဘယ်လောက်ကြာပြီလည်း"
"၁လနဲ့ ၂ပတ်လောက်တော့ရှိပြီ"
"မွေးပြီးရင်လေ ကလေးကို မင်းအဖေကဘယ်လောက်ရက်စက်ယုတ်မာတယ်ဆိုတဲ့အကြောင်း ခင်ဗျားပြောပြမှာလား"
"အဖေ မင်းကအဖေဖြစ်ဖို့ရည်ရွယ်ချက်ရှိသေးတာလား"
"ဘာလို့လဲ ကျွန်တော့်ကလေးပဲ"
"ကလေးအဖေဖြစ်မှာကျွန်တော်မကြောက်ပါဘူး။ ပြီးတော့ကလေးအမေကခင်ဗျားဖြစ်နေတော့ ပိုတောင်ကောင်းသေးတယ်"