Part-30

3.1K 97 0
                                    

ဆေးရုံတွင်တော့မာန်ရိပ်သွေးမှာ မိခင်ဖြစ်သူအခန်းတွင်းဝင်လာသည်။ ပြတင်းပေါက်ဖွင့်လို့ ဝှီးချဲတွင်ထိုင်ကာအပြင်သို့ငေးနေ၏။ အနားရှိ ဧည့်ထိုင်ဆိုဖာခုံတွင်ထိုင်လိုက်ပြီး

"ဘယ်လိုလဲ မာမီတွေ့လိုက်လား"

"အင်း ကလေးလေးကျနေတာပဲ။ ချစ်ဖို့ကောင်းလိုက်တာဆိုတာ"

"အဲ့လိုချစ်ဖို့ကောင်းတဲ့သားလေးလိုချင်တာ ဒီလိုအဆိပ်ပြင်းတဲ့ကောင်ကိုမွေးလာရတယ်လို့"

"သားမဟုတ်လည်း သမက်ဖြစ်အောင်ကျွန်တော်လုပ်ပေးမှာပါ"

"ဒီမှာသူ့ဆေးစစ်ချက်အဖြေတွေ။ စိတ်ဆင်းရဲခဲ့လို့နဲ့တူတယ် အားနည်းနေတာကလွဲလို့ ဆိုးဆိုးရွားရွားဖြစ်တာမရှိဘူး"

"ဒါနဲ့မာမီသိလား။ သူကကျွန်တော့်ကိုမချစ်တော့ဘူးသာပြောတာ သူစားချင်တာတွေက ကျွန်တော့်အကြိုက်တွေချည်းပဲ"

"ကြားလာခဲ့တာက အဲ့လိုလက္ခဏာဆို မိခင်ကသူ့ခင်ပွန်းအပေါ်တအားချစ်မြတ်နိုးလို့တဲ့"

"မွေးလာရင်လည်း ကလေးကအမျိုးသားနဲ့တစ်ပုံစံတည်းတူလိမ့်မယ်ဆိုပဲ"

"ဟုတ်မှာပါ ငါ့မြေးကမင်းနဲ့တစ်ပုံစံတည်းထွက်လာတော့မယ်ထင်တယ်"

"ဒါနဲ့လေမာမီ ကျွန်တော်ကလည်းအဖေနဲ့တစ်ပုံစံတည်းဆိုပြီးပြောကြတယ်နော်"

"မင်းကဘာကိုပြောချင်တာလည်း"

"မေးချင်တာပါ"

"ကျွန်တော်တို့အဖြစ်က မာမီတို့နဲ့သာတူနေမယ်ဆို ဘယ်လိုအရာက မာမီ့ကိုချစ်တဲ့သူအပေါ်စိမ်းကားစေတာလဲ"

"ကျွန်တော်တော့အဖေ့လိုအဖြစ်မျိုးမလိုချင်ဘူး"

"အခုတော့ကျွန်တော် သူ့ကိုပိုင်ဆိုင်ချင်တာထက် သူ့နှလုံးသား သူ့အချစ်တွေ သူ့မြတ်နိုးမှုတွေ သူကြင်ကြင်နာနာနဲ့ဂရုစိုက်ပေးတာတွေ အကုန်ကျွန်တော်လိုချင်တယ်"

"သူ့အရာအားလုံးကိုကျွန်တော်ပိုင်ဆိုင်ချင်တယ်။ အဲ့အတွက်ဆို ကျွန်တော့်ဘက်ကဘာတွေပြောင်းလဲရမလဲ ဘာတွေလုပ်ပေးရမှာလဲ"

အတားအဆီးများနဲ့မောင့်ပင်လယ်(Complete)(Zaw+Uni)Where stories live. Discover now