Bloody Love Part- 7🖤

Start from the beginning
                                    

"သား သားလေး ဘယ်လိုဖြစ်တာလဲ။ အမလေးလေး ပွန်းသွားပြီဟယ်။ ဟဲ့ ကလေးမ လမ်းကိုဘယ်လိုလျှောက်နေတာလဲဟမ်။ ငါ့နှယ် ဘယ်လိုမိဘမျိုးကများ မွေးထားမှန်းမသိဘူး"

"အီးဟီး ကိုကို မမ"

အမွှာတို့စီကို ဖူးငယ်လေးဟာ ငိုရင်းနဲ့ပြေးလာကာ ရှိုက်ကြီးတငင် ငိုနေလေသည်။

"ဒီမှာ သူကကလေးလေ ဘယ်လိုသိမှာလဲဗျာ။"

"သြော် နင်ကအုပ်ထိန်းသူလား။ အဲ့တာကြောင့် ဟိုကလေးမက နင်နဲ့တူနေတာကိုး။"

ခနဲ့သလိုပြောလာတဲ့ အဲ့ဒီမိန်းမဟာ ထွဋ်ရဲရင့်ကို လောင်သလိုကြည့်ပြီး ရွဲ့စောင်းနေလေသည်။

"ဒီမှာ "

အေးဆက်စွာ ထွက်လာသည့် ထိုအသံဟာ ကလျာ့နဲ့ မင်းနွယ်စီကပင်။

စူးရဲနေသည့် မျက်ဝန်းတွေ၊ အေးစက်စက်အကြည့်တွေဟာ အရွယ်နဲ့မလိုက်အောင်ကို ကြောက်စရာကောင်းသည်။

"ဘာလဲ ဟမ်။ ဘာထပ်ပြောချင်လို့......

"ခများ ပါးစပ်ကိုပိတ်!"

လူအုပ်အလယ်မှာ အံ့ထွဋ်မင်းနွယ်ရဲ့ အသံဟာ ဟိန်းခနဲထွက်လာသလို ရုတ်​ချဉ်းဆိုသလို ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်သွားသည်။

ထိုအမျိုးသမီးဟာလည်း မျက်လုံး အပြူးသားနှင့်ပင်။

"စောက်ရှက် မရှိဘူးလားဟမ် ဒီနေရာက Publish areaဆိုတာ ခများမမေ့နဲ့။ကလေးတယောက်ကို ဒီလောက် ရင့်ရင့်သီးသီးမပြောသင့်ဘူး။ ပြီးတော့ ဟိုအကောင် မင်းမနက်ဖြန် ကျောင်းမှာ အေးဆေးနေရမယ်မထင်နဲ့။"

အေးဆက်နေတဲ့အသံတစ်လျှောက် ဒေါသတွေဟာ ​ဖုံးဖိမရ။

"အဟင့် မမ"

အံ့ကလျာနွယ်က ဖူးငယ်လေးကို ပွေ့ထားရာမှ ရုတ်တရက် ​ဖယ်ကာ။

*ဖြန်း!*

"အံ့ကလျာနွယ် နင် ဘာလုပ်တာလဲ"

"ဟဲ့ ကောင်မ နင်ကငါ့သားကို.....

"ဘာလဲ မကျေနပ်ဘူးလား"

မျက်နှာသေနှင့်ပင် ​ထိုအမျိုးသမီးလက် လှည့်လာပြီး။

"လူကြီးက လူကြီးလိုနေ။ စောက်ပြသနာထဲ ဝင်မပါနဲ့။ ပြီးတော့ ကျုပ်နာမည်က အံ့ကလျာနွယ် ဘယ်သူ့ကိုမှ စောက်ဂရုမစိုက်ဘူး ကိုယ့်ဘာသာကိုယ် နေတာ။ အေး ငါချစ်တဲ့ ဖူးငယ်နဲ့ အဲ့ဒီအမျိုးသားကိုထိရင် ခများတို့ကို ဘဝကူးအောင်လုပ်မှာ ဆိုတာ မမေ့လေနဲ့။"

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now