" ဟယ် မွေးနေ့ကိတ်လား ငါ့အတွက်လား"

"ဆု​တောင်း"

အဲဒီအချိန်မှာပဲ ခုနကဖုန်းနံပါတ်က
ပြန်ခေါ်လာသည်။​နေစင် လည်း
ခေါ်မလိုပဲ အ​တော်ပဲ။

" ကျွန်တော်တတိယ အထပ်ရောက်​နေပြီ လာယူပေးလို့ရမလား"

" ညီလေးက ဘယ်အထပ်ကလဲ"

" တတိယအထပ်ကပဲ

" အဲဒါဆိုအ​တော်ပဲပေါ့ အတန်းရှေ့ထိ
လာပေးပေးပါလား ညီ အစ်ကိုလာ
လို့မအားလို့ အခုလာခဲ့​တော့​နော်ညီ
အစ်ကိုက
businessအခန်းSelection2က"

နေစင် စိတ်ရှုပ်စွာနဲ့ သက်ပြင်းချလိုက်မိသည်။

​ကျောင်းထဲကို အပြန်လူ ဝင်ခွင့်မရှိ
တာမို့တခြားသူသာဆိုရင် သေချာ​ပေါက်
ကျောင်းအပြင်ထွက်ယူရမှာ။

မတတ်နိုင်။ သူ့ဟာက အခန်းပြင်
တောင်မထွက်ချင်သလိုပဲ။

မြန်မြန်ပေးလိုက်ရင် မြန်မြန်ပြီးတာပဲ
ကျန်တာဘာမှ မစဉ်းစားနေတော့ဘူး

" ငါအထုပ် သွားပို့လိုက်အုံးမယ်
နင်အတန်းထဲသွားတော့အင်ကြင်း"

"ဟဲ့ ဘယ်ဘက်လဲ"

"business အခန်း​တွေဘက်"

"businessဘက်ဆို ငါလည်း
လိုက်မယ် ​နေစင် ငါ့ကိုစောင့်အုံး"

ခပ်မြန်မြန်သွား​နေသည့်
နေစင် အ​နောက်က​နေ အင်ကြင်းက
ပြေးလိုက်လာသည်။

" ဘာလုပ်ဖို့လိုက်မှာလဲ"

အင်ကြင်းရယ်နေတော့ ​နေစင်ရိပ်
မိလိုက်ပြီ။ဘုန်းပြည့်​​သော်ကို
သွားကြည့်မှာသိလိုက်ပြီ​လေ။

" ဒီ ကျောင်းက​နေ လှမ်းမှာတာ​ပေါ့​လေ
တိုက်ဆိုင်လိုက်တာ နင် order​တွေ
လိုက်ပို့နေတုန်းပဲလားနေစင်"

"အင်း"

" အဲဒါကို ဘာလို့သူက ထွက်လာပြီး
မယူတာလဲ အခန်း​ရှေ့ထိ သွားပို့​
ပေးရမှာ​ပေါ့​လေ မြင့်လိုက်တာ"

" ထားလိုက်တော့ ငါကအထပ်တူ
တယ်​ပြောလိုက်လို့ ငါ့အလုပ်ပဲဟာ"

business အဆောင်တွေဘက်ကို
သွားရာက အဆောက်အဦးကဆက်​နေ​သော်လည်း ​တောင်နဲ့ မြောက်လိုပဲ
ကျောင်းရဲ့buildingအကျယ်အဝန်းက တော်တော်လေးကိုကြီးသည်။

The First He GlaredWhere stories live. Discover now