ရှုကျင်ထျန်းက ချက်ချင်း နိုးလာခဲ့သော်လည်း ရင်တုန်နေသေးသည်။ တုံ့ပြန်ရန် အချိန်အတော်ကြာခဲ့သော်လည်း ဤအရာက အိပ်မက်တစ်ခုသာဖြစ်သည်။ ရယ်စရာပဲ...သူဒီလို အိပ်မက်တွေ မက်နေတာလား??

ရှုကျင်ထျန်းက အသက်ပြင်းပြင်းရှူလိုက်သောအခါ သူ့ခန္ဓာကိုယ်ရဲ့ ထူးဆန်းမှုကြောင့် တောင့်တင်းသွားခဲ့သည်။ နောက်ကျောဘက်မှ နာကျင်မှုသည် သူ့အတွက် လျစ်လျူရှုရန် ခက်ခဲစေသည်။ သို့သော် သူ့အတွက် အဲ့ဒီအချက်ကအရေးမကြီးပေ။ အရေးကြီးဆုံးက သူ့ဗိုက်ဘာဖြစ်သွားတာလဲ? မကြီးတော့ဘူးလား? ဒါမှမဟုတ် သူရဲ့အိပ်မက်ဆိုးကြီးလား?

ရှုကျင်ထျန်းသည် သူ့ဗိုက်ချပ်ချပ်ကို ထိလိုက်သည်နှင့် အဓိပ္ပါယ်မဲ့သော အမှတ်ရစရာအချို့က သူ့မှတ်ဥာဏ်ထဲ တိုး၀င်လာသည်။ ရှုကျင်ထျန်းတစ်ယောက် အလွန်တုန်လှုပ်သွားခဲ့သည်။

"အား~! နာတယ်!"
ရှုကျင်ထျန်းသည် ရုတ်တရက် ထထိုင်လိုက်ရာ နီရဲနေသော အပေါက်များကို ဖိလိုက်မိပြီး မျက်နှာတစ်ခုလုံးက ရှုံ့ပွနေသောပေါင်မုန့်လုံးလေးကဲ့သို့ ဖြစ်နေလေ၏။

ရှုကျင်ထျန်းသည် ပေါင်ကြားက နာကျင်မှုကို ဂရုမစိုက်ဘဲ ထူထဲသော တိရစ္ဆာန်ရေခွံကို လက်တစ်ဖက်ဖြင့်မကာ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။

မနေ့တနေ့ကပဲ ကြီးမားနေသေးတဲ့ ဝမ်းဗိုက်က အခုပျောက်သွားပြီ။ ဒါပေမယ့် အရင်တုန်းကလို ပြားပြီးတောင့်တင်းနေမယ့်အစား လျော့ရဲပြီး ပျော့ပျောင်းနေ၏။ ရှုကျင်ထျန်းသည် သူ့ဗိုက်ကို ဖိကြည့်လိုက်သည်။ ပျော့ပျောင်းသော အထိအတွေ့က နူးညံ့သောမှိုလေးနှင့်ပင် ဆင်တူနေသည်ဟု ခံစားလိုက်ရသည်။

ရှုကျင်ထျန်းက စိတ်ရှုပ်သွားပြီး ကုတင်အောက်သို့ ရုတ်တရက် ကြည့်လိုက်သည်။ အဖြူရောင် ခရမ်းရောင်များရောယှက်နေသည့် ဥများပါရှိသော အသိုက်ကြီးတစ်ခုသည် ရှုကျင်ထျန်း၏မျက်လုံးထဲသို့ ရောက်ရှိလာသည်။ ညလင်းပုလဲ၏အလင်းရောင်ကြောင့် ဥများက ပိုမိုထင်ရှားနေလေ၏။

ရှုကျင်ထျန်း၏မျက်လုံးများ ကျုံ့သွားကာ သူ၏အသက်ရှူသံများပင် ရုတ်တရက် ရပ်တန့်သွားသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now