(12)

4.2K 674 24
                                    

(Unicode)

ရှုဟန်ယွီပြန်လာသောအခါ သူကမိန်းမပျိုလေးအတွက် သစ်သီးအချို့ယူဆောင်လာပြီး ၎င်းတို့ကိုအပေါ်စီးမှပစ်ချလိုက်သည်။

ရှုကျင်ထျန်းသည် ကျွိကျွိကဲ့သို့မြည်သံမျိုးကို သွားများကိုကြိတ်ပြီး ပြုလုပ်လိုက်သည်။

"ဟေ့! မင်းငါ့ကိုဒီလိုမျိုး တစ်သက်လုံးအေးခဲအောင်လုပ်ဖို့ စီစဉ်နေတာလား။ ငါအပြင်သွားချင်တယ် အား!!! "

"မင်းနာခံရင် ငါမင်းကို ခွင့်ပြုမယ်"

ရှုကျင်ထျန်းအား ပြန်လည်ဖြေကြားနိုင်ရန် ရှုဟန်ယွီသည် လူသားအသွင်သို့ ပြောင်းလဲလိုက်သည်။

“ ငါ-ိုး နာခံပါလား! ငါ့ကိုလွှတ်! "

သူ၏ခုခံမှုတစ်ခုတည်းကြောင့် မြွေကြီးကသူ့ကိုထပ်ပြီးသတိထားဖို့ သူမမျှော်လင့်ခဲ့ပေ။

“မဟုတ်ဘူး။ ဒီနှစ်ရက်လုံးမင်းကို အပြင်ထွက်ခွင့်မပြုဘူး"

"ဘာလဲ? ငါကမင်းရဲ့ကျွန်မဟုတ်ဘူး။ ငါ့ကိုဘာလို့ ဒီလိုချုပ်ထားရတာလဲ!"

ရှုကျင်ထျန်း ရူးချင်နေပြီဖြစ်သည်။ ယခုအချိန်တွင်သူသည် အပြင်ထွက်နိုင်မည်ဟု လုံးဝအခိုင်အမာ မပြောနိုင်သေးသော်လည်း မြွေ၏အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ပိတ်လှောင်ခံရခြင်းက သူ့ကိုအလွန်အရှက်ရစေခဲ့သည်။

ရှုဟန်ယွီက သူ့ကိုမတုံ့ပြန်တော့ပေ။ မိန်းမပျိုလေးကို သူပြောချင်တာပြောပြီးနောက် သူကမြွေတစ်ကောင်လိုပြန်ဖြစ်သွားပြီး မြေပြင်ပေါ်တွင် ပျင်းရိစွာဆန့်ကာ သက်တောင့်သက်သာ နေရောင်ခံနေလိုက်သည်။

ရှုကျင်ထျန်းသည် မျက်ရည်မကျဘဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေခဲ့သော်လည်း မည်သည့်တုန့်ပြန်မှုမှမရခဲ့ဘဲ သူ၏ဆူညံသံများသာ တိုးဝင်ပျောက်ကွယ်သွားရသည်။ သူသည်အော်ဟစ်ခြင်းကိုရပ်တန့်ပြီး ကြမ်းပြင်ပေါ်ရှိသစ်သီးများကိုသာ ကောက်ယူစားသောက်နေလိုက်တော့သည်။

သေချာတာပေါ့၊ ရှုဟန်ယွီက ရှုကျင်ထျန်းကို ဒီနှစ်ရက်လုံး အပြင်မလွှတ်ခဲ့ပေ။ သူကိုယ်တိုင်လည်း မိန်းမပျိုလေးနှင့်အတူလိုက်ပါရန် ခဲယဉ်းသည်။ သူနိုးသောအခါ နေရောင်အောက်တွင် ခြေပစ်လက်ပစ်လှဲလိမ့်မည်။ သူပင်ပန်းသောအခါမှသာ အိပ်ပျော်တတ်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now