(46.1)

3K 495 46
                                    

(Unicode)

မြေအောက်လိုဏ်ဂူများသည် အပြင်ဘက်ထက်ပိုပူပြီး လေ၀င်လေထွက်မရှိပေ။ ဒါပေမယ့် ရှုကျင်ထျန်းအတွက် အလွန်အဆင်ပြေသည်။

သို့သော်လည်း ရှုဟန်ယွီက စိတ်မသက်မသာဖြစ်နေပြီး သူ့ဇနီးလေးကို အအေးဒဏ်မှ အကာအကွယ်ပေးဖို့ရန် အမဲလိုက်သည့်အခါတွင် သားမွေးများပေါများသော သားကောင်များကို အမြဲရွေးချယ်ခဲ့သည်။

တိရစ္ဆာန်အမျိုးအစားအားလုံးသည် အေးသောရာသီတွင် ၎င်းတို့၏သားမွေးများကို အအေးဒဏ်ခံနိုင်အောင် ပြောင်းလဲထားသောကြောင့် ယခုရှုဟန်ယွီရရှိသော အရေခွံများသည် ပိုမိုပျော့ပျောင်းပြီး ထူထဲလာသည်။ သားမွေးတွေကို သစ်ပင်ထိပ်ဖြားတွင်ဖြန့်ကာ အခြောက်လှန်းပြီး မကြာခင်မှာ အသုံးပြုနိုင်မှာဖြစ်သည်။

ရှုဟန်ယွီကိုလက်ခံပြီးနောက် ရှုကျင်ထျန်းသည် သူ့ကိုယ်သူ ဤနေရာနှင့် သက်ဆိုင်သည်ဟုခံယူထားပြီး လှိုဏ်ဂူအား သူ၏အိမ်အဖြစ် အသုံးပြုခဲ့သည်။

ရှုကျင်ထျန်းသည် လှိုဏ်ဂူကိုသန့်ရှင်းစေပြီး သန့်ရှင်းသော အိပ်ရာကို အထူးခင်းကျင်းထားသည်။

ရှုဟန်ယွီ၏အကူအညီဖြင့် ဂူ၏ကျယ်ဝန်းသောထောင့်များကို ရွေးချယ်ကာ ကြီးမားသော တိုင်10ချောင်းကိုစိုက်ထူကာ စတုဂံပုံစံပြုလုပ်ထားသည်။ ကျဉ်း တဲ့ဘက်ခြမ်းတွင် တိုင်သုံးခုထားပြီး ကျယ်သောအခြမ်းတွင် တိုင်လေးခုထားရှိသည်။ တံခါးအဖြစ်ထားနိုင်ရန် အလယ်ဗဟိုကို ခပ်ကျယ်ကျယ်လုပ်ထားသည်။

ရှုကျင်ထျန်းသည် ရှုဟန်ယွီက ကြီးလွန်းသည်ဟုမှတ်ယူကာ အိပ်ရာကို ကြီးမားစွာပြုလုပ်သည်။ အလျားသုံးမီတာနှင့် အနံလေးမီတာရှိသော မြွေပုံသဏ္ဍာန်ဖြင့်ပင် တက်အိပ်နိုင်သည်။ ကုတင်လိုမဟုတ်ဘဲ အခန်းငယ်တစ်ခုလိုဖြစ်နေ၏။

သစ်သားတိုင်ကို မြေပြင်အနက် တစ်မီတာနီးပါးတွင် မြှုပ်နှံထားပြီး တူးထားသော မြေများကိုရေလောင်းပြီး တင်းတင်းကြပ်ကြပ် နင်းပိတ်ထားသောကြောင့် အလွန်တည်ငြိမ်သည်။

သစ်သားတိုင်များ၏ထိပ်တွင် ပိုထူသောနွယ်များဖြင့် ရစ်ပတ်ချည်နှောင်ထားပြီး ကုတင်၏ထိပ်မျက်နှာပြင်တွင် ပိုက်ကွန်ရက်လုပ်ရန်အတွက် ပါးလွှာသောနွယ်များကို အသုံးပြုခဲ့သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Unde poveștirile trăiesc. Descoperă acum