(20)

3.5K 532 18
                                    

(Unicode)

ရှုကျင်ထျန်းသည် တစ်စုံတစ်ခုကိုရုတ်တရက်စဉ်းစားလိုက်ပြီး
"ဟုတ်သား...ဒီမှာရေချိုရှိလား။ ပင်လယ်ရေက အသားချက်ဖို့  အသုံးပြုနိုင်မှာမဟုတ်ဘူး! ပြီးတော့ ငါလည်းရေချိုးချင်တယ်။ ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဆားနဲ့ ဖုံးလွှမ်းနေသလိုခံစားရတယ်”

"အင်း၊ ကိုယ်မင်းကိုခေါ်သွားမယ်"
ရှုဟန်ယွီပြောအပြီး သူသည်မြွေတစ်ကောင်ဖြစ်သွားသည်။

ရှုကျင်ထျန်းသည် သူ့ပစ္စည်းများကိုအလျင်အမြန်ထုပ်ပိုးပြီး သူ့ကျောပေါ်တွင် မ၀တ်ထားသောအဝတ်များကိုသယ်ဆောင်လာသည်။

ရှုကျင်ထျန်းက သူရေချိုးဖို့လိုတာကြောင့် သူ့အ ၀ တ်တွေကိုမ၀တ်ဖို့ဆုံးဖြတ်လိုက်ပြီး ပင်လယ်ထဲကို၀ င်သွားလိုက်သည်။

ရှုဟန်ယွီရဲ့မြွေအမြီးက ရှုကျင်ထျန်းရဲ့ခါးမှာရစ်ပတ်နေပြီး သူ့ကိုအနားကပ်ထားချင်နေသည်။

ရှုကျင်ထျန်းက ခြေတစ်လှမ်းဆုတ်လိုက်ပြီး
"မလိုပါဘူး။ ဘာပဲဖြစ်ဖြစ်ဒါကသိပ်မဝေးဘူးလေ... ဒါကြောင့်ငါမင်းနဲ့ အတူလမ်းလျှောက်မယ်”

ရှုကျင်ထျန်းက ဒီမှာမြစ်ရှိတယ်ဆိုတာသိတယ်။ ဘာလို့လဲဆိုတော့သူတို့ ဒီကိုခရီးသွားတဲ့အခါက မြစ်ကမ်းနားမှာအနားယူခဲ့တာလေ။

ရှုဟန်ယွီက မိန်းမပျိုလေးကိုဂရုမစိုက်ဘဲ သူ့အမြီးကိုရုတ်တရက်တင်းကျပ်ကာရစ်ပတ်လိုက်ပြီး အနီးဆုံးမြစ်ဆီကိုလျှောချလိုက်သည်။

ရှုကျင်ထျန်းကသက်ပြင်းချလိုက်ပြီး မြွေရဲ့ကျောကိုသာ အားကိုးတကြီးမှီထားလိုက်သည်။ တစ်ချိန်လုံးဖိနှိပ်ခံနေရသော သူ၏စိတ်သည်မလွဲမသွေ စိတ်ဓာတ်ကျလာလိမ့်မည်။

ဒီမြစ်ဟာ သူတို့ပင်လယ်ထဲကိုသွားခဲ့တဲ့နေရာနဲ့ မီတာတစ်ထောင်ကျော်လောက်ဝေးသည်။ မကြာခင်မှာ သူတို့မြစ်ကမ်းကိုရောက်လာခဲ့လေ၏။

ရှုဟန်ယွီကရပ်တန့်လိုက်ပေမယ့် မိိန်းမပျိုလေးကို မလွှတ်ပေးဘဲ လျှာထုတ်လာလေ၏။

"ဘာမှားလို့လဲ? ငါ့ကိုမြန်မြန်သွားခွင့်ပြုပါ"

ရှုကျင်ထျန်းသည် မြွေကြီးအားရိုက်နှက်လိုက်ပြီး သူ၏ပတ်ပတ်လည်တွင် အနည်းငယ်မကျေနပ်ဖြင့် ခန္ဓာကိုယ်ကိုတွန့်လိမ်နေသည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now