(37)

3.6K 545 13
                                    

(Unicode)

နေ့လည်ခင်းနေရောင်ခြည်သည် တုနှိုင်းမရလောက်အောင်ပြင်းထန်ပြီး ဂူကြီးကိုပင် ရေနွေးငွေ့ခြင်းတောင်းကြီးကဲ့သို့ ဖြစ်သွားစေပြီး အရမ်းမွဲခြောက်နေလို့ အသက်ရှူပင်မဝ။

ရှုကျင်ထျန်းသည် ရှုဟန်ယွီကို သစ်ပင်အောက်မှာ ချည်နှောင်ခိုင်းလိုက်သည်။ သစ်ပင်ရိပ်များ ဖုံးလွှမ်းထားသောကြောင့် အပြင်ဘက်သည် လှိုဏ်ဂူအတွင်းနှင့်ယှဉ်လျှင် ပိုမိုအေးမြသည်။

လေညှင်းသည် ရှုကျင်ထျန်း၏ခန္ဓာကိုယ်ကို တိုက်ခတ်လာကာ ပူပြင်းသောနွေရာသီ၏ အပူဒဏ်ကို ဖယ်ထုတ်ပေးသည်။ ရှုကျင်ထျန်းသည် ငြိမ်သက်စွာဖြင့် သူ့လက်ထဲရှိ စပျစ်နွယ်ပင်များကို ယက်လုပ်နေလေ၏။

ရှုကျင်ထျန်းသည် ခွန်အားစိုက်ထုတ် ယက်လုပ်နေချိန်တွင် အတန်ငယ် ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်ကို ရုတ်တရပ် ပြင်းပြင်းထန်ထန် ခံစားလာရလေသည်။

ရှုကျင်ထျန်း ခေါင်းမော့ကြည့်လိုက်သောအခါ အေးခဲနေသော ဂူဘေးတွင် ရပ်နေသော ရှုဟန်ယွီကို တွေ့လိုက်ရသည်။

"ဟန်ယွီ"
ရှုကျင်ထျန်းက လှမ်းအော်လိုက်သည်။

"အင်း၊ ထျန်းထျန်း"
ရှုဟန်ယွီက တစ်ဖက်လှည့်၍ မိန်းမပျိုလေးဆီသို့ လျှောက်သွားလိုက်သည်။

ရှုကျင်ထျန်းက အနည်းငယ် သက်ပြင်းချလိုက်သည်။ မြွေကြီးသည် ယခုအခါ တစ်ကိုယ်လုံး အေးစက်နေသော အအေးဓာတ်ကို ထုတ်လွှတ်နေပြီး အခုပုံစံကို သူသိပ်မရင်းနှီးသလို ခံစားရသည်။ သို့သော် မြွေကြီးက သူနှင့်စကားပြောသောအခါ အနည်းငယ်ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

"မင်း အမဲလိုက်မလို့မလား၊ ဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ"
ရှုကျင်ထျန်းက သူခိုင်းတဲ့အတိုင်း စပျစ်နွယ်ပင်တွေယက်လုပ်နေ၏။

ရှုဟန်ယွီက မိန်းမပျိုလေးဘေးတွင်ထိုင်ကာ လက်နှစ်ဖက်စလုံးက သူ့ခါးကို တင်းကျပ်စွာ ရစ်ပတ်ထားသည်။
"ဒီနေ့ ကိုယ်တို့ အသားမစားပဲ နေရအောင် ဟုတ်ပြီလား၊ လှိုဏ်ဂူထဲမှာ ကန်စွန်းဥတွေ ကျန်နေသေးတာမို့ထျန်းထျန်း အဲ့တာတွေကို အသားအစား စားလို့ရမလား”

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now