(5)

6.5K 1K 31
                                    

(Unicode)

ဝိညာဉ်သားရဲမြွေသည် မိန်းမပျိုလေး၏ နူးညံ့သိမ်မွေ့သောအပြုအမူကြောင့် အလွန်၀မ်းမြောက်သွားသည်။ ရှားရှားပါးပါး နူးညံ့သိမ်မွေ့သောစိတ်နှင့် ရှုကျင်ထျန်းကိုပွေ့ဖက်ကာ စကားပြောရန်သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။

"…စား?"

ထိုယောကျ်ားပျိုသည် တရုတ်စကားကို ကျွမ်းကျင်မှုမရှိဘဲ ထုတ်ပြောလာသည်။ အနည်းငယ် ထူးဆန်းသော အသံအချိုးအကွေ့များနှင့် ပြောပြီးနောက် အံ့သြစရာကောင်းလောက်အောင် ပုံမှန်ပြန်ဖြစ်သွားလေသည်။

ဤအရာမှာ ဝိညာဉ်သားရဲမြွေသည် မိန်းမပျိုလေး၏ ပါးစပ်မှသင်ယူခဲ့သည့်အရာဖြစ်ပြီး သူသည်ချက်ချင်းပင် လက်တွေ့ကျင့်သုံးခဲ့သည်။ ဒါကအခုသုံးဖို့ အတော်လေး သင့်တော်တာပဲ!

သူတို့သည် သူတို့၏ဘာသာစကားများမှတဆင့် မဆက်သွယ်နိုင်ကြသောကြောင့် သူတို့ထဲမှတစ်ဦး သည် ဘာသာစကားအသစ်တစ်ခုကို သင်ယူရလိမ့်မည်။ ထို့ပြင်သူသည် လေ့လာသင်ယူသူတစ်ဦးဖြစ်လျှင် မိန်းမပျိုလေးက သင်ယူဖို့အခက်အခဲဖြစ်နေစရာမလိုဘဲ အခြားသားရဲများထံမှ အကူအညီရယူရန် အခွင့်အလမ်းရှာဖွေခြင်းကိုလည်း တားဆီးနိုင်ပေမည်။

နောက်ပိုင်းတွင် သေသေချာချာစဉ်းစားပြီးနောက် မိန်းမပျိုလေးသည် ဝံပုလွေသားရဲမျိုးနွယ်စုမှ မဖြစ်နိုင်ကြောင်း သူသဘောပေါက်မိသည်။ နောက်ဆုံးမှာတော့ ဘာသာစကားပြဿနာရှိနေခဲ့သည်။

မိန်းမပျိုလေးသည် ဝံပုလွေသားရဲမျိုးနွယ်စုနှင့် ဆက်ဆံရေးရှိကောင်းရှိနိုင်သည်။ အမ်...ဘာဆက်ဆံရေးရှိတာလဲ? မိန်းမပျိုလေးရဲ့ estrusကာလကြောင့်ဖြစ်မယ်!

မည်သို့ပင်ဖြစ်စေကာမူ အခြားသူများနှင့်ဝေးဝေးနေခြင်းသည် မည်သည့်အခါမှ မှားနိုင်မည်မဟုတ်ပါချေ။

ရှုကျင်ထျန်းသည် အံ့သြစွာဖြင့်ခေါင်းကိုမော့လိုက်ပြီး ထိုယောကျ်ားပျိုအား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ သူကြားခဲ့သောအသံသည် သူထင်ယောင်ထင်မှားဖြစ်တာ ဟုတ်မဟုတ်မသေချာပေ။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now