(32.2)

3.8K 540 32
                                    

(Unicode)

ရှုဟန်ယွီက သူ့ကို အနှောက်အယှက်မပေးတော့ဘဲ ဝင်ပေါက်မှထွက်သွားတော့သည်။

ခဏအကြာတွင် တဖျစ်ဖျစ် တဖြောက်ဖြောက်မြည်သံများ၊ ဂလုန်းဂလွမ်းမြည်သံများက အဆက်မပြတ်ထွက်ပေါ်လာပြီးနောက် ထင်းမီးခိုးငွေ့များ လွင့်ပျံလာလေ၏။

ရှုကျင်ထျန်းသည် အနည်းငယ် မယုံနိုင်စွာ ခေါင်းကိုမြှင့်လိုက်သည်။ မြွေကြီးက သူ့အတွက် ဟင်းချက်နေတာလား? အဲ့လောက်တောင်း ကောင်းပေးတယ်ပေါ့...သူ ဘယ်လိုလုပ်ရမလဲ သိလို့လား? မီးကို မကြောက်ဘူးလား?

ရှုကျင်ထျန်းက သိချင်သော်လည်း ရှုဟန်ယွီကို ဂရုမစိုက်ချင်တာကြောင့် အသိအမှတ်မပြုဘဲ ယခင်အတိုင်းသာ ဆက်အိပ်နေခဲ့သည်။

ရှုကျင်ထျန်းဟာ သက်တောင့်သက်သာ အိပ်ပျော်နေပုံရပေမယ့် တကယ်တမ်းမှာတော့ သူက အိပ်ရေးဝနေပြီ။ ရာသီဥတုကနေသာပြီး တိမ်ကင်းစင်နေတော့ စောင်နဲ့ပတ်ထားတာက အနည်းငယ် ပူနေပြီး သူ့တစ်ကိုယ်လုံး ချွေးများဖြင့် စေးကပ်နေလေ၏။ စောင်ကိုဖွင့်လိုက်သောအခါတွင် သူမုန်းတီးသောမြွေကြီးအား မြင်လိုက်ရသောကြောင့် အထဲမှာသာ ဇွတ်အတင်းအိပ်နေသည်။

ကံကောင်းထောက်မစွာ မနက်ပဲရှိသေးပြီး အပူချိန်က အရမ်းမမြင့်သေးတဲ့အတွက် ရှုကျင်ထျန်းက သည်းခံနိုင် သေးသည်။

အချိန်အတော်ကြာပြီးနောက် အသံများ လျော့ပါးလာသည်။ ရှုကျင်ထျန်းက နားစွင့်လိုက်ပြီး ကြီးစွာသော ဝန်ထုပ်ဝန်ပိုးတစ်ခု သက်သာရာရသွားသလို ခံစားလိုက်ရသည်။

"ထျန်းထျန်း မင်းစားချင် တဲ့အသား ကင် ပြီးပြီမို့ ထစားလိုက် ပါနော်"
ရှုဟန်ယွီသည် သူ့မိန်းမပျိုလေးကို အသားစားရန် ညင်သာစွာချော့မော့နေရင်း သူ၏အသံကလည်း နူးညံ့နေ၏။

ရှုကျင်ထျန်းက သူ့ကို ဂရုမစိုက်ချင်သေးပေမယ့် သူ့ခန္ဓာကိုယ်က ဆုပ်ကိုင်ခံထားရတာကြောင့် ရှောင်လွှဲလို့မရခဲ့ပေ။ သူ့မှာ ရွေးချယ်စရာမရှိလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့သည်။

"မစားဘူး...မင်း!"
ရှုကျင်ထျန်းသည် ရှုဟန်ယွီကိုတွေ့လိုက်သည်နှင့် အေးစက်သောလေကို ရှုရှိုက်မိလိုက်သည်။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now