' အု ' ဆိုကာ သူ့ပါးစပ်ကိုဇစ်ဆွဲသလိုလုပ်ပြလိုက်သည်။ သေချာတာတစ်ခုက ပိုင်ပိုင်ဒေါသထွက်နေတာ သူမဟုတ်ဘူးဆိုတာပင်။ ကျေးမူတစ်ယောက် အိပ်ရာပေါ်တွင်  ဇိမ်ကျစွာအိပ်နေပြီး မူလကိုယ်ရဲ့ မှတ်ဥာဏ်ကို သေချာစစ်နေရသည်။

မူလကိုယ်ကကျောင်းသားတစ်ယောက် ပြီးတော့ သူဟာ havjer ဖြစ်ကြောင်း ဘယ်သူမှမသိကြပေ။ မူလကိုယ်ရှောင်ပေးနရတာလဲ ကျောင်းကလူဆိုးတစ်စုက နှောက်ယှက်နေတာကြောင့်ပင်။ မူလကိုယ်က အတိုက်အခိုက်မတက်တာကြောင့် ရှောင်ပေးပြီး ပုန်းကွယ်နေရတာလဲ အကြိမ်ကြိမ်ပင်။ မှတ်ဥာဏ်တွေအရ မူလကိုယ်က ဇာတ်လိုက်မနဲ့ရင်းနှီးသည်တဲ့ ပြီးတော့ မော်ဂျူး သူမက ဇာတ်လိုက်မနဲ့မူလကိုယ်တို့ရဲ့ သူငယ်ချင်း

' မဟုတ်သေးပါဘူးငါစဥ်းစားမိသလောက်တော့ ဇာတ်လိုက်ရဲ့အသက်က အလွန်းဆုံးရှိ ၂၅ ဇာတ်လိုက်မနဲ့ငါက အသက်တူတူဆိုတော့ ၂၀ ဗီလိန်ကလဲ ၂၅ မော်ဂျူးက ဗီလိန်အောက် ၂နှစ်ငယ်တော့ ၂၃ ဘယ်လိုလုပ်ပြီး သူငယ်ချင်းဖြစ်လာရတာလဲ '

( ဒီနေရာမှာ  chapter တွေရဲ့ အသက်တွေမရှင်းမှာဆိုးလို့ ရှင်းပြပေးပါမယ် )

ခွန်း ဇာတ်လိုက် ၂၅
သွဲ့ ဇာတ်လိုက်မ ၂၀
မော်ဂန် ဗီလိန် ၂၅
မော်ဂျူး ဗီလိန်ရဲ့ညီမ ၂၃
ကျေးမူ host ၂၀ )

[ side mission ဖြစ်တာကြောင့် ပြောပြလို့မရပါဘူး ]

' ငါစဥ်းစားမိတာကကွာ မော်ဂန်က သွဲ့နဲ့ခွန်းကိုအထင်လွဲသွားတုံးက သွဲ့ကတော်တော်ငယ်ဦးမှာ ဆယ်ကျော်သက်အရွယ်လေးကွာ '

[ အွန်းလေ ]

' ပိုင်ပိုင် မော်ဂန်က ခွန်းကိုအထင်လွဲသွားတုံးက သူ့အသက်က ၂၂မလား နိုင်ငံခြားကိုထွက်သွားတာ ၃နှစ်ဆိုတော့ '

[ ဟုတ်တယ်လေ ဘာလို့အသက်တွေထိုင်ထွက်နေတာလဲ 2d လား ထိုးရမှာလား အပိုင်ကွက်ပဲပေးနော် ပိုင်ပိုင်မပေါက်လို့စိတ်ညစ်နေတာ ]

ဇာတ်ကြောင်း၏ ကွာဟမှုကိုရှင်းပြနေပါသော်လဲ 2d  ဝါသနာမပျောက်တဲ့ပိုင်ပိုင်ကြောင့်သူစိတ်ညစ်နေရပြီ။

' မဟုတ်ဘူးကွာ လူမှားတာဖြစ်နိုင်တယ် ဘာလို့ဆို မော်ဂန်ရဲ့အသက် ၂၂မှာ သွဲ့အသက်က ၁၇  ၁၈  လောက်ပဲရှိဦးမှာ သွဲ့ကညှက်တယ် အခုအသက်၂၀တောင် ၁၅နှစ်လို့ပဲထင်ရတာ ပြီးတော့ သွဲ့သွားလေရာ ငါတို့ပါနေတာလေ ငါ့အထင်သွဲ့လို ကောင်မလေးတစ်ယောက်ရှိရမယ် ပြောချင်တာက အဲ့ကောင်မလေးက သွဲ့ကိုမုန်းနေတာ ပြီးတော့ ဇာတ်လိုက်နဲ့ ဗီလိန်ကိုလဲ ပြတ်စေချင်တဲ့တစ်ယောက် '

ဗီလိန်အားကယ်တင်ခြင်း  ( System  )Where stories live. Discover now