အပိုင်း(42.1)

Start from the beginning
                                    

ထိုစကားလည်း ထွက်လာရော ဆယ်ကျော်သက် ကောင်လေး တစ်ယောက် က အောက်ခြေမှာ သပ်ရပ်စွာ စီတန်းထားတဲ့ လူအုပ် ကြီး ထဲကနေ ထွက်လာ ခဲ့လေတယ်။

ထိုလူငယ်လေး က အရမ်းကို ခန့်ညား ပြီးတော့ သုံးဖက်မြင် အလှ မျိုး ရှိလေတယ်။ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ရှင်းလင်းကာ စွမ်းအင် တွေလည်း ပြည့်ဝ နေခဲ့ လေတယ်။ သူက အရောင်စုံ အဝတ် တွေကို ဝတ်ဆင် ထားပြီးတော့ သူ့ရဲ့ ခေါင်းပေါ်မှာ ငှက်မွှေး တစ်ချောင်းကို ထိုးစိုက် ထားလေတယ်။

သူက ထိုလူအိုကြီး ဆီကို လျောက် လာပြီးတော့ အရိုအသေ ပေးလိုက် ကာ အလေးပြု လိုက်တယ်။

'' မျိုးနွယ်စု ခေါင်းဆောင် ''

လူအိုကြီး က ခေါင်းငြိမ့်လိုက် ပြီးတော့ စုယွမ်ကို ညွှန်ပြ ကာ ပြောလိုက် လေတယ်။

'' ဒါက ဘုရားသခင် က ငါတို့ဆီကို ပို့ပေး လိုက်တဲ့ တမန်တော်ပဲ။ ပြီးတော့ မင်းက ငါတို့ မျိုးနွယ်စု ထဲမှာ အားအကောင်းဆုံး ဂျုနီယာ တစ်ယောက် ပဲ။ ဒါ​ကြောင့် ဒီနေ့ကနေ စပြီးတော့ မင်း သူ့ကို သေချာလေး ကာကွယ် ပေးရမယ်။ ''

'' ဟုတ်ကဲ့ ''

ယင်းလင်း လို့ အမည် ရတဲ့ ထိုလူ ငယ်လေး က ချက်ချင်း ပဲ အလေးအနက် ထားပြီးတော့ တုံ့ပြန် ခဲ့လေတယ်။

စုယွမ် က အနည်းငယ် ကြောင်အ သွားလေတယ်။

ဒါက ဘာအဓိပ္ပါယ်လဲ လို့ ။

သူ့ရဲ့ ကူးပြောင်း မှုက ဒါနဲ့ဆို နှစ်ကြိမ် ရှိပြီ ဆိုတာက ဒီလောက်အထိ သိသာ နေတာ တောင်မှ ဘာအတွက်ကြောင့် သူက အဖြောင့်ကောင် အဖြစ် ဘာလို့ မနေရတာ လဲ?

အရင်တစ်ခါ ကူးပြောင်း တုန်း က အမျိုးသား တစ်ယောက် ဖြစ်ပါလျက် အမျိုးသမီး လို ဆင်မြန်းပေး ခံရပြီးတော့ မြွေဘုရင် နဲ့ လက်ထပ်ဖို့ တွန်းအားပေး ခံခဲ့ ရတယ်လေ။

ဒါကို ဘာကြောင့် များ ဒီတစ်ခါ ကျပြန်တော့ အမျိုးသား ကြီးမှန်း သိသိကြီးနဲ့ ကောင်လေး တစ်ယောက် လက်ထဲကို ထည့်ပေး ခံနေ ရတာလဲ?

သူ တစ်ခါလောက် အမျိုးသမီး တစ်ယောက် ကို လက်ထပ် လို့ မရနိုင်ဘူး လားဗျာ?

(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)Where stories live. Discover now