ရှုကျင်ထျန်းသည် ရွှံ့အိုးများစွာကို တစ်ပြိုင်နက် နေပူလှမ်းထားပြီးနောက် သေချာစွာမီးဖုတ်လိုက်သည်။ 10ခုတွင်9ခုက မအောင်မြင်ပေ။ ထိုအိုးတို့က ကြေမွခြင်း သို့မဟုတ် မီးလောင်ကျွမ်းခံခဲ့ရပြီး အသုံးပြုလို့မရနိုင်ပေ။ မီးခိုးရောင် အဝါရောင် အိုးများသည် အမြင့်ဆုံး အောင်မြင်မှုနှုန်း ရှိသော်လည်း အပေါ်ယံတွင် ပြာကျသလိုဖြစ်နေပြီးမှ မလောင်ကျွမ်းသလိုပုံစံဖြစ်နေသည်။

ဝမ်းနည်းစရာအကောင်းဆုံးမှာ ရှုကျင်ထျန်းသည် ပြီးမြောက်ခါနီးပြီဖြစ်သော လှပသည့်အနီရောင်ပန်းကန်လုံးတစ်လုံးကို ညှစ်လိုက်မိရာ နောက်ဆုံးတွင် အက်ကွဲကြောင်းလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပုံပျက်နေသော ပုံသဏ္ဍာန်နှင့် စေးကပ်နေသော လက်များကြောင့် ပုံမှန်မဟုတ်သော အနက်ရောင် အိုးတစ်လုံးသာ ရှိသည်။ မီးလောင်သွားသည့်တစ်ခုကပင် ထို့ထက်ပြီးပြည့်စုံနေသေးည်။ အစပိုင်းတွင် ရှုကျင်ထျန်းက ထိုအနက်ရောင်အိုးကို သတိလက်လွတ်လုပ်ခဲ့ခြင်းကြောင့် လက်သီးဆုပ်ပမာဏသာရှိနေ၏။

သေးငယ်လှသော အိုးလေးတစ်လုံးသာ အောင်မြင်ခဲ့သော်လည်း ရှုကျင်ထျန်းအတွက် အလွန်ပြည့်စုံနေဆဲဖြစ်သည်။ မျက်စိစုံမှိတ်ပြီး စမ်းကြည့်နေရုံနဲ့ ချက်ချင်းအောင်မြင်မှာမဟုတ်ပေ။ အိုးသည် ကြွေထည်ကဲ့သို့ ချောမွေ့ခြင်းမရှိသော်လည်း ပိုမိုမာကျောလာပြီး မျက်နှာပြင်သည် ဖုန်မှုန့်များအဖြစ် ကွာကျလာမည်မဟုတ်ပေ။ ရှုကျင်ထျန်းသည် အပူချိန်မလုံလောက်ရခြင်းကြောင့် ဖြစ်သည်ဟုတွေးမိသည်။ အကြောင်းမှာ မီးသွေးပြုလုပ်ရန်အတွက် ပိုမိုကောင်းမွန်သောထင်းအချို့ကို ထုတ်ယူလိုက်သောကြောင့်ပင်။

အောင်မြင်တဲ့နေ့ထိ ဆက်သွားနိုင်မလားတော့မသိပေ။ ရှုကျင်ထျန်းသည် သူ၏ကြီးထွားနေသော ဗိုက်ကိုထိလိုက်ပြီး အထီးကျန်မှုနှင့် ဝမ်းနည်းမှုကို ဖုံးကွယ်ရန် အောက်ငုံ့ကြည့်လိုက်သည်။

ရှုဟန်ယွီသည် သူ့ဇနီးသည်လေး၏ ဝမ်းနည်းမှုကို သတိမထားမိဘဲ ဘေးနားမှ ထင်းများကို ကောက်ယူနေပြီး သူ နှစ်သက်နိုင်သည့် ထင်းများကိုသာ ရှာနေလေ၏။

မြွေသားရဲ၏ဇနီးသည် 【MM Translation】Where stories live. Discover now