love you!! (edit!!)

992 77 6
                                    

မင်းကိုချစ်တယ်!!( Relationship with fourthလေးမဖတ်ခင်အရင်ဖတ်ပါဗျာ)

ဒီနေ့တန‌င်္ဂနွေနေ့။အားလပ်ရက်ဖြစ်တာကြောင့်fourthကသူနှင့်သွားလည်ဖို့ငါ့ကိုချိန်းထားလေသည်။ငါသိပ်တက်ကြွနေပြီ!!အင်္ကျီအဖြူရောင်အရှည်နဲ့ဘောင်းဘီအနက်အားတွဲ၀တ်ကာရေ‌မွှေးများအားသင်းနေအောင်ဖြန်းလိုက်သည်။

ငါအမေ့ရဲ့ကားကိုယူကာfourthအားသွားကြိုလေသည်။ငါ့လိုအထက်တန်းကျောင်းသားတစ်ယောက်ကကားမမောင်းတတ်ဘူးမထင်လိုက်ပါနဲ့။

ကွန်ဒိုရှေ့တွင်ငုတ်တုတ်လေးထိုင်ကာစောင့်နေတဲ့fourthကိုမြင်တဲ့အခါငါအပြုံးတွေပင်မထိန်းနိုင်။တီခနဲဟွန်းတီးလိုက်တော့ကလေးပေါက်လေးလိုပင်ပြေးလာလေသည်။

ငါကားထဲကထွက်လာပြီး‌ဆရာကြီးအားတံခါးဖွင့်ပေးရသည်။မဟုတ်ရင်ဆရာကြီးဆိုတဲ့အတိုင်းကားပေါ်တက်မှာမဟုတ်ပေ။ကားပေါ်ရောက်တော့ခါးပတ် ပတ်ပေးရပြန်သည်။

"မင်းရေမွှေးအိုးထဲမှောက်ကျလာတာလားgemini"

Fourthကငါ့ကိုရီမောပြီးပြောလာတာကြောင့်ငါခေါင်းခါရင်းသာပြုံးလိုက်သည်။ဘယ်သွားချင်လဲမေးတော့ရုပ်ရှင်သွားကြည့်ချင်ပါတယ်တဲ့လေ။တစ်ခြားဟာမေးလဲရုပ်ရှင်မှရုပ်ရှင်ဖြစ်နေတဲ့ဆရာသမားသဘောအတိုင်းသွားရလေသည်။

_______________________

ငါတို့ရုပ်ရှင်ရုံကိုရောက်တဲ့အခါfourthကသူစားချင်တဲ့မုန့်တွေသွား၀ယ်နေသည်မလို့ကြည့်ချင်သည်ဟူသည့်marvel
ကနာမည်ကြီးနေတဲ့ရုံတင်ကားအားအတွဲခုံလက်မှတ်ဖြတ်လိုက်လေသည်။ရိုးရိုးခုံရှိပေမယ့်fourthနဲ့အတူထိုင်ချင်လို့။

Fourthရောက်လာတဲ့အခါထင်တဲ့အတိုင်းငါ့ကိုမေးပါလေသည်။ဝေ့လည်ကြောင်ပတ်ဖြေရင်းငါfourthကိုရုံထဲဆွဲသွင်းလာလိုက်သည်။ငါတို့နှစ်ယောက်ကြားမှာခြားနေတဲ့လက်ရန်းမရှိတာကြောင့်ငါကြိတ်ပျော်နေသည်။

ငါတွေးထားသည်ကfourthလက်လေးအားမထိတထိကိုင်စကားလုံးလေးတွေနဲ့ကျီစယ်ရင်းပျော်ပျော်ပါးပါးကုန်ဆုံးမယ်ဆိုပေမယ့်လက်တွေ့ကတစ်ခြားစီပင်။

the boy name fourth nattawat(geminifourth ff✅)Where stories live. Discover now