Be my side forever..

870 71 9
                                    

အိုမင်းသွားသည်အထိ။

ငါတို့မနေ့ကမိုးလင်းပေါက်ထိလုပ်ဖြစ်ခဲ့ကြတယ်။တစ်ခါထဲမျက်ကွင်းတွေပါကျပြီးချိနဲ့သွားတဲ့fourthလေးကတော့သူငယ်ချင်းတွေနဲ့သွားမယ့်ခရီးကိုရက်ရွေ့လိုက်ရလေသည်။

ငါ့ကိုတစ်မနက်လုံးဆူပူနေပြီးဘယ်သောမှလည်းဝိုင်ထက်မသောက်ဘူးလို့ကြိမ်းမောင်းနေလေရဲ့။အချစ်ကလေးကပြန်နိုင်စားမဲ့အချိန်ရောက်လာပြီ။

သူ့ခမျာအောက်ပိုင်းမလှုပ်နိုင်တော့ဘူးဆိုပြီိးတစ်အီအီငိုနေလို့ငါ့မှာနာရီ၀က်လောက်ချော့လိုက်ရ‌သေးသည်။ချစ်ဖို့ကောင်းလိုက်တာ!!!

Gem~ဆိုပြီးချွဲလိုက်တာနဲ့ငါကအော်တိုမက်တစ်ခေါင်းထောင်လာပြီးခြေသည်းညှပ်တာကအစအ၀တ်လဲတာအဆုံးလုပ်ပေးမဲ့လူစားမျိုးကွ။ဘဲကြောက်တာတော့မဟုတ်ဘူး တုန်နေအောင်ချစ်တာဟီးး

ခုလည်းကြည့်ဆိုဖာပေါ်မှာအားလူးကြော်စားရင်းကာတွန်းကားကြည့်နေ‌တဲ့ပေါက်စလေး။ငါ့မှာတော့တစ်ပတ်စာလောက်ရှိတဲ့သူ့အ၀တ်တွေကိုလျှော်ပေးရလို့။

ဒါပေမယ့်လည်းငါမမောပါဘူး။ငါ့အမောပြေဆေးလေးကဧည့်ခန်းထဲမှာတီဗွီကြည့်နေတယ်လေ။အ၀တ်တွေတစ်ပုံကြီးလျှော်ပြီးငါပင်ပန်းသွားပြီ။

ခြေကုန်လက်ပန်းကျကာငါfourthရဲ့ပေါင်လေးပေါ်သွားလှဲလိုက်တော့ငါ့အချစ်ကလေးကအလိုက်သိစွာငါ့ခေါင်းအားပွတ်ပေးလေသည်။အိုးးးးချစ်ရင်းချစ်နေလိုက်ရတာ။

ချစ်စရာမျက်နှာလေးကိုငါကြည့်ရင်းနဲ့တင်အမောတွေပြေလို့။မုန့်ကလေးခွံ့လိုက်၊ရေကလေးတိုက်လိုက်၊သူ့ဇာတ်ကားလေးပြန်ကြည့်လိုက်နဲ့ငါ့ရည်းစားလေးကတစ်အားပြည့်စုံတာပဲလူတွေရယ်။

_______________________

နွေရာသီကျောင်းပိတ်ပြီး၁၅ရက်မြောက်နေ့။ငါ့အချစ်ကလေးကဒီနေ့စိတ်တွေသိပ်ကြည်လင်နေတာ။အဖြူရောင်နဲ့အပြာရောင်အင်္ကျီဆင်တူလေး၀တ်ရင်းငါတို့ရဲ့ကမ်းခြေခရီးလေးကိုစထွက်သည်။

Fourthကသူ့သူငယ်ချင်းတွေနဲ့ဘန်ကောက်မှာသာ‌တွေ့ပြီး‌သွားလည်ခဲ့လေသည်။ဒါပေမယ့်လည်းကမ်းခြေသွားချင်ပါတယ်လို့ပြောတာကြောင့်ငါတို့နှစ်ယောက်ရဲ့ခရီးလေးတစ်ခုဖြစ်လာ၏။

the boy name fourth nattawat(geminifourth ff✅)Where stories live. Discover now