narak!

701 84 0
                                    

ချစ်ဖို့ကောင်းလိုက်တာ။

ငါ့ရဲ့ရိုးရှင်းတဲ့တစ်နေ့တာကိုခေါင်းရင်းအံဆွဲထဲမှာထည့်ထားတဲ့fourthပုံလေးနဲ့စတင်တယ်။မေမေတွေ့ရင်ဆဲမှာစိုးလို့။သွားတိုက်မျက်နှာသစ်ပြီးတာနဲ့ငါပုံမှန်အတိုင်းကျောင်းသွားသည်။

ဒီနေ့လမ်းပိတ်နေ‌တာကြောင့်နောက်ကျသွားသည်ကအမှန်။ငါအတန်းထဲရောက်ခါနီးfourthရဲ့ရီသံလေးကိုကြားတာကြောင့်ချက်ချင်းပင်တက်ကြွသွားသည်။

အိုးးးငါတို့နှစ်‌ယောက်ပဲအတန်းမှာရှိတော့မှာ။ငါအပျော်တွေပင်မဖုံးဖိနိုင်တော့။အခန်းထဲ၀င်မလို့လုပ်လိုက်ပေမယ့်ယောင်္ကျားလေးတစ်ယောက်ပါရပ်နေတာကြောင့်ငါအ၀တွင်ချောင်းကြည့်လိုက်သည်။

ဒီကောင်!ဒါငါ့ရဲ့အကြီးစားပြိုင်ဖက်panပဲ။ခုလည်းငါ့ကလေးလေးကိုဘာတွေဖားနေလဲမသိ။ငါ့လိုအနေအေးလူတစ်ယောက်မှာပြိုင်ဖက်မရှိဘူးမထင်ပါနဲ့။လွန်ခဲ့တဲ့တစ်နှစ်ကမှကျောင်းပြောင်းလာတဲ့ကောင်ကဘာလုပ်လုပ်ငါနဲ့အပြိုင်လုပ်နေရမှကျေနပ်တာမျိုး။

"မင်း ဘာလုပ်နေတာလဲ"

ငါဒေါသထွက်ကာကုန်းကွကွနှင့်အခန်းပေါက်မှာချောင်းကြည့်နေတုန်းmarkကရောက်လာတာမလို့လန့်သွားသည်ကအမှန်။ငါစိတ်တိုစွာmarkကိုရန်တွေ့မိသည်။

"ရှီးးးးးရ်mark မင်းကအသံလေးဘာလေးပေးလေ"

"အောင်းငါဘာမှမပြောရသေးပါဘူးနော်"

ကြောင်တောင်တောင်လုပ်နေတဲ့ကောင်ကြောင့်ငါနရင်းဖြတ်ရိုက်လိုက်ချင်ပေမယ့်

"အယ် စာဂျပိုးလေးပါလား"

ဒီအသံ!တစ်လောကလုံးမှာအချိုမြိန်ဆုံးအသံ။ငါတံတွေးတစ်ချက်မြိုချလိုက်ရင်းအနောက်သို့‌ဖြည်းဖြည်းလှည့်လိုက်လေသည်။အိုးးးဒါfourth nattawatပဲ။fourthကငါ့ကိုသွားတန်းလေးတွေပေါ်အောင်ပြုံးပြသည်။

"ကျေးဇူးပဲနော် မင်းသာမကူညီရင်ငါတော့အရိုက်ခံရမှာ"

"ဟင် ဘာကိုလဲ"

ငါကြောင်သွားသည်ကအမှန်ငါ့ထက်နည်းနည်းပုတဲ့ကောင်လေးကအသံထွက်ရီကာ"တအားမစိမ်းကားပါနဲ့"ဟူ၍ပြောလျက်ငါ့ခေါင်းအားကိုင်လိုက်လေသည်။

the boy name fourth nattawat(geminifourth ff✅)Where stories live. Discover now